Trending Now

အရည်အသွေးမြှင့်တင်ဖို့ စစ်တပ်ကို တရုတ်သမ္မတ တိုက်တွန်း

Spread the love

အရည်အသွေးမြှင့်တင်ဖို့ စစ်တပ်ကို တရုတ်သမ္မတ တိုက်တွန်း

EPN
နိုင်ငံတကာ၊ ဇူလိုင် ၈

တရုတ်သမ္မတ ရှီကျင့်ဖျင် က ဘယ်လို ပဋိပက္ခမျိုးမှာပဲ ဖြစ်ဖြစ် တိုက်ခိုက်နိုင်ရေးနဲ့ အနိုင်ရရေး အရည်အသွေးကို မြှင့်တင်ကြဖို့ စစ်တပ်ကို တိုက်တွန်းပြောဆိုလိုက်ပါတယ်။

ဒီမှတ်ချက်ဟာ ထိုင်ဝမ်နဲ့ ပြန်လည်ပေါင်းစည်းရေး သူ့ရဲ့ အတိအလင်း ထုတ်ဖော်ပြောဆိုထားတဲ့ဆန္ဒကို အားဖြည့်ဆည်းတဲ့ပုံ ရပါတယ်။

အရှေ့ပိုင်းစစ်ဌာနချုပ်ကို သွားရောက်စစ်ဆေးစဉ်အတွင်း တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) တပ်ဖွဲ့ဝင်တွေကို ရှီက မိန့်ခွန်းပြောကြားခဲ့တယ်လို့ နိုင်ငံပိုင် တရုတ်ဗဟိုရုပ်မြင်သံကြား (CCTV)က ကြာသပတေးနေ့မှာ အစီရင်ခံခဲ့ပါတယ်။

အဲဒီစစ်ဌာနချုပ်ဟာ အရှေ့တရုတ်ပင်လယ်နဲ့ ထိုင်ဝမ်ရေလက်ကြား အထိ အကျုံးဝင်သတ်မှတ်ထားပါတယ်။

သမ္မတ ရှီ က ဒီစစ်ဌာနချုပ်ဟာ တရုတ်ရဲ့ ပိုင်နက်အချုပ်အခြာ အာဏာ၊ ပင်လယ်ရေကြောင်းဆိုင်ရာအခွင့်အရေး၊ နိုင်ငံရဲ့ အကျိုးစီးပွားကိုကာကွယ်ဖို့ နဲ့ နိုင်ငံညီညွတ်ရေးအတွက် ထူးခြားပြောင်မြောက်စွာ ထမ်းဆောင်နေခဲ့ကြတယ်လို့ ပြောပါတယ်။

ပူးတွဲစစ်ဆင်ရေးတွေနဲ့ အမိန့်ပေးစနစ်ကို အားကောင်းအောင် လုပ်ဆောင်ပြီး လက်တွေ့တိုက်ပွဲဝင် အခြေအနေအောက်မှာ လေ့ကျင့်မှုတွေ တိုးမြှင့်လုပ်ဆောင်ဖို့အတွက် စစ်တပ်ကို သူက တိုက်တွန်းခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုနဲ့ တခြားနိုင်ငံတွေက သူတို့ရဲ့ ထိုင်ဝမ်နဲ့ ဆက်ဆံရေးကို တိုးမြှင့်လုပ်ဆောင်နေချိန်မှာ တရုတ်သမ္မတရဲ့ မှတ်ချက် ထွက်ပေါ်လာခဲ့တာပါ။

အရှေ့ပိုင်းစစ်ဌာနချုပ်ဟာ ထိုင်ဝမ်အပေါ် စစ်ရေးအရ ဖိအားတွေ တိုးမြှင့်ပေးနေတယ်လို့ အကဲခတ်တွေက ပြောပါတယ်။ မနှစ်က ဩဂုတ်လမှာ အမေရိကန်အောက်လွှတ်‌တော်ဥက္ကဋ္ဌ ပေလိုစီ ထိုင်ပေကို သွားရောက်ခဲ့တာကို တုံ့ပြန်တဲ့အနေနဲ့ ကြီးမားတဲ့ စစ်ရေးလေ့ကျင့်မှုကို ပြုလုပ်ခဲ့ပါတယ်။

Source: NHK


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။