Trending Now

ဖားကန့်တွင် ဆိုင်ကယ်ဂွကြားအတွင်း သယ်ဆောင်လာသော စိတ်ကြွဆေးပြား တစ်သိန်းကျော် ဖမ်းဆီးရမိ

Spread the love

ဖားကန့်တွင် ဆိုင်ကယ်ဂွကြားအတွင်း သယ်ဆောင်လာသော စိတ်ကြွဆေးပြား တစ်သိန်းကျော် ဖမ်းဆီးရမိ

EPN

မြစ်ကြီးနား ၊ ဧပြီ ၂

ကချင်ပြည်နယ် ဖားကန့်မြို့တွင် ဆိုင်ကယ်ဂွကြားအတွင်း သယ်ဆောင်လာသော စိတ်ကြွဆေးပြားများကို ယမန်နေ့ညနေ (၃)နာရီအချိန်ခန့်က ဆိပ်မူကျေးရွာ ရပ်ကွက် ၃ အနီးတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့များမှ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာ၊ ရပ်ကွက် (၃) အနီးတွင် မော်တော်ယာဉ်များအား မူးယစ်ဆေးဝါးသတင်းအရ စစ်ဆေးရှာဖွေစဉ် အသက် ၂၄ နှစ်အရွယ် မောင်အောင်မိုင် မောင်းနှင်လာသော မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ဆိုင်ကယ်ခွကြားအတွင်း တင်ဆောင်လာသည့် ဆာလာအိတ်အတွင်းမှ စိတ်ကြွရူးသွပ် ဆေးပြား တစ်သိန်းကျော် (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁၆၂.၄၅ သိန်း)အား စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်သည်။

အဆိုပါ စိတ်ကြွဆေးပြား များသယ်ဆောင်လာသည့်ကိစ္စနှင့် ပတ်သက်၍ မောင်အောင်မိုင် (၂၄)နှစ်အား ဖားကန့်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

လင်းယုန်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။