Trending Now

ကချင်အနုပညာရှင်များအသင်း(ဖားကန့်)မှ COVID -19 ကြိုတင်ကာကွယ်နိုင်ရေး Mask ကမ်ပိန်းပြုလုပ်

Spread the love

ကချင်အနုပညာရှင်များအသင်း(ဖားကန့်)မှ COVID -19 ကြိုတင်ကာကွယ်နိုင်ရေး Mask ကမ်ပိန်းပြုလုပ်

 

EPN
ဖားကန့်၊မေ ၂၀

ကချင်အနုပညာရှင်များအသင်း(ဖားကန့်)မှ ဦးဆောင်၍ ယနေ့ မေလ(၂၀)ရက် နံနက် ၇နာရီအချိန်က ဖားကန့်မြို့၊မြို့မရပ်ကွက်ရှိ ဥရုရတနာကျောက်စိမ်းတောင်တံတားအနီးတွင် နှာခေါင်းစည်း Mask များ ပေးဝေနေကြောင်း သိရသည်။

COVID-19 ကြိုတင်ကာကွယ်ရန်အတွက် ရည် ရွယ်၍ မက်(စ်)အခုရေ (၂၁၀၀)ကို ပေးဝေခဲ့ခြင်းဖြစ်ကြောင်း ဦးဆောင်သူများထံမှ သိရသည်။

“တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကန့်သတ်မှုတွေ ရက်တိုးသတ်မှတ်လိုက်တဲ့အခါမှာ ပြည်သူလူထုကပေါ့ဆစွာနဲ့ နှာခေါင်းစည်းမက်(စ်) မတပ်ဘဲ အပြင်မှာလှုပ်ရှားသွားလာတာတွေကို တွေ့မြင်လာခဲ့ရပါတယ်။အဲဒါကြောင့် အခုလို မက်(စ်)ကမ်ပိန်းလေ ပြုလုပ်ဖြစ်ခဲ့ပါ”ဟု ကချင်အနုပညာရှင် ကိုဘောက်လာကပြောသည်။

ကချင်အနုပညာရှင်များအသင်း(ဖားကန့်)အနေဖြင့် ဖားကန့်ဒေသ၌ စောင့်ကြည့်ထားရှိသူများ ထားရှိသည့် နေရာများသို့ သွားရောက်၍ စိတ်ခွန်အားများရရှိစေရန် ဆုတောင်းပေးခြင်း၊အနုပညာတေးသီချင်းများ ဖြေဖျော်မှုများကိုလည်း စဉ်ဆက်မပြတ် ပြုလုပ်ပေးနေကြောင်း သိရသည်။

အစိုးရမှ Maskများတပ်ဆင်ပြီး အပြင်ထွက် သွားလာကြရန် ညွန်ကြားထုတ်ပြန်ထားသော် လည်း တစ်ချို့လူများအနေဖြင့် Mask မတပ်ဘဲ သွားလာနေကြသည်ကို တွေ့နေရသည်။

ယခုအခါ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ထုတ်ပြန်ချက်များအရ မေလ(၁၉)ရက်နေ့အထိ COVID-19 ပိုးတွေ့လူနာ(၁၉၃)အထိ ရှိလာပြီဖြစ်ကြောင်း သတင်းထုတ်ပြန်ထားရှိသည်။

နောင်ရိုး


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။