Trending Now

အမေရိကန်က တရုတ်နည်းပညာ ကုမ္ပဏီပေါင်း ၃၀ ကျော် နာမည်ပျက်စာရင်းသွင်း

Spread the love

အမေရိကန်က တရုတ်နည်းပညာ ကုမ္ပဏီပေါင်း ၃၀ ကျော် နာမည်ပျက်စာရင်းသွင်

EPN
နိုင်ငံတကာ၊ ဒီဇင်ဘာ ၁၇

အမေရိကန်နိုင်ငံက အမျိုးသားလုံခြုံရေးနဲ့ နည်းပညာပိုင်ဆိုင်ရာ စိုးရိမ်မှုတွေကို ကိုးကားပြီး တရုတ်နည်းပညာမြင့် ကုမ္ပဏီပေါင်း ၃၀ ကျော်ကို နာမည်ပျက်စာရင်းသွင်းလိုက်တယ်လို့ အေပီသတင်းဌာနက ဖော်ပြထားပါတယ်။

နာမည်ပျက်စာရင်းသွင်းလိုက်တဲ့ တရုတ်ကုမ္ပဏီတွေထဲမှာ လေကြောင်းပစ္စည်း၊ ဓာတုပစ္စည်းနဲ့ ကွန်ပြူတာ ချစ်ပ်တွေ ထုတ်လုပ်တဲ့ ကုမ္ပဏီတွေ အများအပြားပါဝင်ပါတယ်။

တရုတ်နိုင်ငံက နည်းပညာပိုင်းဆိုင်ရာ အကူအညီနဲ့ အမေရိကန် စစ်တပ်ရဲ့ ထိပ်တန်းလျှိုဝှက်ချက်တွေ အပါအဝင် နိုင်ငံသားတွေရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို ခိုးယူခံရမှုကနေ ကာကွယ်ဖို့ အခုလိုလုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ လနှောင်းပိုင်းကလည်း တရုတ်နည်းပညာမြင့် ကုမ္ပဏီကြီးတွေ ဖြစ်တဲ့ Huawei နဲ့ ZTE တို့က ထုတ်လုပ်တဲ့ ဆက်သွယ်ရေးပစ္စည်းတွေ ရောင်းချမှုကို ပိတ်ပင်ခဲ့သလို နာမည်ကြီး CCTV ကုမ္ပဏီတစ်ခုဖြစ်တဲ့ Hikvision က ထုတ်ထားတဲ့ ဗီဒီယိုစောင့်ကြည့်ရေး စနစ်အချို့ကိုလည်း အသုံးပြုမှု ပိတ်ပင်ခဲ့ပါတယ်။

တရုတ်သိပ္ပံအကယ်ဒမီ၊ တရုတ်အီလက်ထရွန်နစ်နည်းပညာအဖွဲ့ နဲ့ ချိတ်ဆက်ထားတဲ့ သတင်းအချက်အလက် နည်းပညာကုမ္ပဏီတွေဟာ တရုတ်စစ်တပ်နဲ့ ကာကွယ်ရေးလုပ်ငန်းတွေကို ပံ့ပိုးနေတဲ့ အစိုးရအဖွဲ့အစည်းတွေနဲ့ နီးကပ်တဲ့ ဆက်ဆံရေးရှိတယ်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံဟာ သူရဲ့ ကွန်ပြူတာ ချစ်ပ်တွေတင်ပို့မှု ထိန်းချုပ်ရေးဆိုင်ရာ အစီအမံတွေနဲ့ ပတ်သက်လို့ အမေရိကန်ကို အခုသီးတင်းပတ် အစောပိုင်းက တရားစွဲဆိုထားပါတယ်။

— ကိုးကား —
အေပီ
Ref; US puts 3 dozen more Chinese companies on trade blacklist

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။