Trending Now

ဧရာဝတီတိုင်းတွင် တရားမဝင် တင်သွင်းလာသည့် ပုဇွန် နှစ်ကောင် တံဆိပ် စားသုံးဆီရောင်းချပါက အရေးယူမည်ဟုဆိုကာ လိုက်လံစစ်ဆေးနေ

Spread the love

ဧရာဝတီတိုင်းတွင် တရားမဝင် တင်သွင်းလာသည့် ပုဇွန် နှစ်ကောင် တံဆိပ် စားသုံးဆီရောင်းချပါက အရေးယူမည်ဟုဆိုကာ လိုက်လံစစ်ဆေးနေ

EPN
ပုသိမ် ၊ သြဂုတ်၊ ၁၉

ဧရာဝတီတိုင်းဒေသကြီးတွင် တရားမဝင် တင်သွင်းလာသည့် ပုဇွန်နှစ်ကောင်တံဆိပ်ပါ စားသုံးဆီများရောင်းချ ပါက အရေးယူမည်ဟုဆိုကာ သြဂုတ် ၁၉ ရက်မနက် ပိုင်းကစတင်ပြီး လိုက်လံစစ်‌ဆေး သတိပေးခြင်းများ လုပ်ဆောင်နေကြောင်း ဧရာဝတီတိုင်းရှိစားသောက်ကုန် ပစ္စည်းရောင်းချသည့် ဆိုင်များထံမှ သိရသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်း ကျောင်းကုန်း၊ ပုသိမ်၊ ဟင်္သာတ ၊ဖျာပုံ၊ ရေကြည် ၊ ငပုတော ၊ အိမ်မဲ ၊ ကျုံပျော် ၊စသည့်မြို့နယ်များရှိ စားသောက်ကုန်ပစ္စည်းများ ရောင်းချသည့်ဆိုင်များကို ပုဇွန်နှစ်ကောင်တံဆိပ်ပါသည့် စားသုံးဆီ များရောင်းချခြင်းရှိ၊ မရှိနှင့်ရောင်းချပါကအရေးယူမည်ဟုဆိုကာ ပူးပေါင်းစစ်ဆေးရေး အဖွဲ့က သတိပေးစစ်ဆေးနေခြင်းဖြစ်သည်။

”ရဲတွေ နဲ့ စစ်သားတွေ ပါတဲ့အဖွဲ့က လာစစ်ဆေးတာ ၊ ပုဇွန်နှစ်ကောင် တံဆိပ်ပါတဲ့ စားသုံးဆီကိုမရောင်းချဖို့ လာစစ်တာ ၊ တရားမဝင် တင်သွင်းတဲ့ဆီဖြစ်တဲ့အတွက် မရောင်းဖို့ပြောသွား တယ် ၊ ရောင်းတာတွေ့ရင်လည်း ဖမ်းဆီး အရေးယူမယ် တဲ့ ၊ စားသောက်ကုန်ရောင်းချတဲ့ဆိုင်တွေကိုဘဲ သီးသန့်စစ်ဆေးတာပါ စားဆီတွေကို ဈေးတက်ရောင်းတာမလုပ်ဖို့လည်းပြောသွားတယ်။”ဟု ငပုတောမြို့ရှိ စားသောက်ကုန်ပစ္စည်းရောင်းဝယ်ရေး လုပ်ငန်းရှင်တစ်ဦးကပြောသည်။

ဒေသအလိုက်ပူးပေါင်း စစ်ဆေးသတိပေးသည့် အဖွဲ့များတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့ ၊ မီးသတ်တပ်ဖွဲ့ ၊ စစ်တပ်၊ လူဝင်မှုကြီးကြပ်ရေးဌာန၊စားသုံးသူရေးရာဌာန၊ သစ်တောဦးစီးဌာနနှင့် မြို့နယ်အဆင့်တာဝန်ရှိသည့်အဖွဲ့အစည်းများပါသည့် စစ်ဆေးရေးအဖွဲ့ကစစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

”တရားမဝင် ကုန်စည်ဖြစ်လို့မရောင်းဖို့ စစ်ဆေး သတိပေးတာပါ ၊ ဆီဆိုင်တချို့မှာတော့ ရောင်းနေတာ တွေ့ရတယ် ပထမဆုံး စစ်ဆေးတာမို့ သတိပေးခဲ့တယ်နောက်တစ်ကြိမ် သင့်လျော်သလိုကွင်းဆင်းစစ် ဆေးတဲ့အခါ တွေ့ရရင် အရေးယူမှာဖြစ်တယ်။”ဟု ပူးပေါင်းစစ်ဆေးရေး အဖွဲ့မှတာဝန်ရှိသူ တစ်ဦးကပြော သည်။

ဧရာဝတီတိုင်းတွင် ပြီးခဲ့သည့် တစ်ပတ်ကလည်း စက်သုံးဆီရောင်းချတဲ့ဆိုင်များအား ဆီဆိုင်မပိတ်ရန်နှင့် ဈေးတင်ရောင်းချခြင်းများ မပြုလုပ်ရန် အကန့်အသတ်ဖြင့် ရောင်းချခြင်းမျာ းမပြုလုပ်ရန် ပူးပေါင်းအဖွဲ့များက လိုက်လံစစ်‌ဆေး သတိပေးခြင်းများ လုပ်ဆောင်ခဲ့သေးကြောင်း သိရသည်။

သူရ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။