Trending Now

မလေးရှားနိုင်ငံမှာ ဒေါ်လာ ၁၈ သန်းတန်ဖိုးရှိတဲ့ ရှားပါးတိရိစ္ဆာန်တွေရဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေကို ဖမ်းဆီးရမိ

Spread the love

မလေးရှားနိုင်ငံမှာ ဒေါ်လာ ၁၈ သန်းတန်ဖိုးရှိတဲ့ ရှားပါးတိရိစ္ဆာန်တွေရဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေကို ဖမ်းဆီးရမိ

EPN
နိုင်ငံတကာ၊ ဇူလှိုင် ၁၉

ဆင်စွယ်၊ ကြံ့ချိုတွေနဲ့ သင်းခွေချပ်အကြေးခွံတွေအပါအဝင် ဒေါ်လာ ၁၈ သန်းတန်ဖိုးရှိတဲ့ ရှားပါးတိရိစ္ဆာန်အစိတ်အပိုင်းတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ မလေးရှားအကောက်အခွန်အရာရှိတွေက မနေ့က ပြောကြားခဲ့ပါတယ်။

အဲဒီတရိစ္ဆာန်အစိတ်အပိုင်းတွေကို အာဖရိက နိုင်ငံကနေသယ်ဆောင်ခဲ့တာဖြစ်ပြီး မှောင်ခိုသမားတွေဟာ ဘယ်နေရာကို ပို့ဆောင်သွားဖို့စီစဉ်နေတယ်ဆိုတာကိုတော့ ထုတ်ဖော်ပြောဆိုခဲ့ခြင်းမရှိပါဘူး။

မလေးရှားနိုင်ငံဟာ တောရိုင်းတိရိစ္ဆာန် ရောင်းဝယ်ဖောက်ကားမှုတွေပြုလုပ်လေ့ရှိတဲ့ အချက်အချာနေရာတစ်ခုဖြစ်ပြီး တိရစ္ဆာန်အစိတ်အပိုင်းတွေကို အကျိုးအမြတ်ပိုမိုရရှိတဲ့ အာရှ ဒေသတွင်းဈေးကွက်တွေကို တင်ပို့ရောင်းချလေ့ရှိပါတယ်။

မလေးရှားနိုင်ငံ အနောက်ဘက်ကမ်းရိုးတန်းရှိ ပို့ကလန်းမြို့ ဆိပ်ကမ်းမှာ ကွန်တိန်နာတွေအတွင်း သိုဝှက်သယ်ဆောင်လာတဲ့ ဆင်စွယ် ကီလိုဂရမ် ခန့်မှန်းခြေ ကီလိုဂရမ် ၆၀၀၀ ခန့်ကို ဇူလှိုင်လ ၁၀ ရက်နေ့က ဖမ်းဆီးရမိခဲ့ပါတယ်။

ဒါ့အပြင် ကြံ့ချို ၂၉ ကီလိုဂရမ်၊ သင်းခွေချပ်အကြေးခွံ ၁၀၀ ကီလိုဂရမ်၊ တိရစ္ဆာန်ဦးခေါင်းခွံ နဲ့ အခြားအရိုး ၃၀၀ ကီလိုဂရမ်တို့ကိုလည်း ရှာဖွေသိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

ဖမ်းမိမှုမှာ ခန့်မှန်းခြေ တန်ဖိုး ရင်းဂစ် သန်း ၈၀ (အမေရိကန်ဒေါ်လာ ၁၈ သန်း) ရှိပြီး ဆင်စွယ်နဲ့ သင်းခွေချပ်အကြေးခွံကဲ့သို့ တိရစ္ဆာန်အစိတ်အပိုင်းတွေဟာ တရုတ်နဲ့ ဗီယက်နမ်နိုင်ငံတွေမှာ တိုင်းရင်းဆေးပညာအတွက် အသုံးပြုတာ ရေပန်းစားပါတယ်။

ဖမ်းဆီးရမိမှုနဲ့ ပတ်သက်ပြီး ဘယ်လိုအရေးယူဆောင်ရွက်သွားမယ်ဆိုတာကိုတော့ ထုတ်ဖော်ပြောဆိုခဲ့ခြင်းမရှိပါဘူး။

Source – CNA

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။