Trending Now

ဟိုပင်မြို့ မြသီတာ အထက်တန်းကျောင်းတွင် တပ်မတော်သားများ စုပေါင်းသန့်ရှင်းရေးနှင့် ဆေးဖျန်းခြင်း ဆောင်ရွက်နေ

Spread the love

ဟိုပင်မြို့ မြသီတာ အထက်တန်းကျောင်းတွင် တပ်မတော်သားများ စုပေါင်းသန့်ရှင်းရေးနှင့် ဆေးဖျန်းခြင်း ဆောင်ရွက်နေ

EPN
ဟိုပင်၊ မေ ၂၇

ဟိုပင်မြို့ မြသီတာ အထက်တန်းကျောင်းတွင် ယနေ့ နံနက်ပိုင်းက တပ်မတော်သားများက စုပေါင်းသန့်ရှင်းရေးနှင့် ဆေးဖျန်းခြင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင် ဟိုပင်မြို့ မြသီတာ အခြေခံပညာ အထက်တန်းကျောင်းတွင် မေလ ၂၇ ရက်နေ့ နံနက် ၈ နာရီခွဲခန့်ကခလရ(၄၀)ခြေလျင်တပ်ရင်းမှ ဗိုလ်မှူးကျော်စွာမိုး ဦးဆောင်သည့် တပ်ဖွဲ့၀င် ၂၅ ဦးက မြသီတာကျောင်း၀င်းအတွင်းရှိ ခြုံ နွယ်ပေါင်းမြက်များ ခုတ်ထွင်းရှင်းလင်းခြင်းနှင့် စာသင်ခန်းများကို သန့်ရှင်းရေးပြုလုပ်ကာခြင်ပုန်းများ ခိုအောင်းခြင်း မရှိစေရန်အတွက် ပိုးသတ်ဆေးဖျန်းခြင်းများ ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ လုပ်အားပေးလာရောက်သည့် တပ်မတော်သားကို ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်အေး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထွန်းနှင့် အဖွဲ့၀င်များက လိုက်လံကြည့်ရှု့အားပေးခဲ့ကြောင်း သိရသည်။

မိုးဟိန်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။