Trending Now

လူပုဂၢိဳလ္သာယာဖို႔အတြက္ ရာထူး တာဝန္ေပးအပ္ထားျခင္းမဟုတ္ဟု ႏိုင္ငံေတာ္သမၼတ ဦးဝင္းျမင့္ သတိေပး ေျပာဆို

Spread the love

လူပုဂၢိဳလ္သာယာဖို႔အတြက္ ရာထူး တာဝန္ေပးအပ္ထားျခင္းမဟုတ္ဟု ႏိုင္ငံေတာ္သမၼတ ဦးဝင္းျမင့္ သတိေပး ေျပာဆို

EPN
ျမစ္ႀကီးနား၊ မတ္ ၂၂

ရာထူး တာဝန္ရရွိထားသူေတြအေနနဲ႔ မိမိတို႔ ရရွိထားတဲ့ ရာထူးတာဝန္ဟာ လူပုဂၢိဳလ္သာယာဖို႔ ေပးအပ္ထားတာ မဟုတ္တဲ့အတြက္ ကိုယ့္တာဝန္ကိုယ္ေက်ပြန္ဖို႔ လိုအပ္တယ္လို႔ ႏိုင္ငံေတာ္သမၼတ ဦးဝင္းျမင့္ ၿမစ္ႀကီးနားၿမိဳ႕ ေတာ္ခန္းမမွာ ျပဳလုပ္တဲ့ ဌာနဆိုင္ရာေတြ႔ဆံုပြဲမွာ သတိေပးေျပာဆိုလိုက္ပါတယ္။

“ကၽြန္ေတာ္တို႔ ရာထူးတာဝန္ေတြေပးထားတယ္ အေဆာင္အေယာင္ေတြ ေပးထားတယ္ဆိုတာ လူပုဂၢိဳလ္သာယာေပ်ာ္ေမြ႔ဖို႔အတြက္ ေပးထားတာမဟုတ္ဘူး သူနဲ႔ ထိုက္တန္တဲ့ လစာ အေဆာင္အေယာင္ေတြဟာ ဥပေဒနဲ႔အညီ ျပဌာန္းထားလို႔ေပးထားတာျဖစ္တယ္၊ အဲ့ဒီအေပၚမွာ သာယာေပ်ာ္ေမြ႔ၿပီးေတာ့ ကိုယ့္တာဝန္ကိုေက်ပြန္ေအာင္မလုပ္ရင္ ကၽြန္ေတာ္တို႔ရဲ႕ ျပဳျပင္ေျပာင္းလဲေရးက ဘယ္လိုမွ ေအာင္ျမင္မွာမဟုတ္ဘူး”ဟု နိုင္ငံေတာ္သမၼတ ဦးဝင္းျမင့္က ေျပာဆိုခဲ့ပါတယ္္။

ဒါ့အျပင္ ဒီမိုကေရစီစနစ္မွာ အခ်ဳပ္အျခာအာဏာဟာ ျပည္သူလူထုလက္ထဲမွာရွိတဲ့အတြက္ မိမိတို႔ရရွိထားတဲ့ေနရာဟာ ႏိုင္ငံသူႏိုင္ငံသားေတြက တာဝန္ေပးၿပီး ခိုင္းထားတာျဖစ္တယ္ဆိုတာ သတိရွိၾကဖို႔ လိုအပ္တယ္လို႔ ေျပာဆိုခဲ့ပါတယ္။


“ရာထူးကို အာဏာထင္မယ္ တာဝန္ကို လုပ္ပိုင္ခြင့္ထင္မယ္ ဆိုရင္ အစကတည္းက ကိုလုပ္တဲ့အလုပ္က ဘာမွေအာင္ျမင္စရာမရွိဘူး အစကတည္းက အေတြးအေခၚခံယူခ်က္ကိုက လြဲေနတာကို အဲ့ဒီလို ရာထူးကို အာဏာလို႔ထင္ၿပီး တာဝန္ကိုလုပ္ပိုင္ခြင့္လို႔ ထင္ေနရင္ေတာ့ ကိုလုပ္တဲ့အလုပ္က မွန္စရာအေၾကာင္း မရွိေတာ့ဘူး ဒါကိုေတာ့ ကၽြန္ေတာ္တို႔အျဖစ္ခံမွာမဟုတ္ဘူး ဒါကို သတိထားပါ”လို႔ သမၼတဦးဝင္းျမင့္က သတိေပးေျပာဆိုခဲ့ပါတယ္။

ထို႔အတူ ျပည္နယ္တိုင္းအစိုးရေတြနဲ႔ ဆံုးျဖတ္ခ်က္ ျမန္ဆန္မႈ မွန္ကန္မႈ အေပၚမူတည္ၿပီး အဲ့ဒီျပည္နယ္တိုင္းဖြံ႔ၿဖိဳးတိုးတတ္သလို ႏိုင္ငံသူနိုင္ငံသားေတြလည္း အက်ိဳးျဖစ္ထြန္းမွာ ျဖစ္ၿပီး ျပည္နယ္တိုင္းအစိုးရေတြနဲ႔ စီမံခန္႔ခြဲမႈ ညံ့ဖ်င္းတာနဲ႔အမွ် ဒီမိုကေရစီစနစ္ ပ်က္စီးဆံုးရႈံးသြားမွာျဖစ္တယ္လို႔ ႏိုင္ငံေတာ္သမၼတက ေျပာဆိုခဲ့ပါတယ္။

သက္ပိုင္

—————————————-

လူပုဂ္ဂိုလ်သာယာဖို့အတွက် ရာထူး တာဝန်ပေးအပ်ထားခြင်းမဟုတ်ဟု နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် သတိပေး ပြောဆို

EPN
မြစ်ကြီးနား၊ မတ် ၂၂

ရာထူး တာဝန်ရရှိထားသူတွေအနေနဲ့ မိမိတို့ ရရှိထားတဲ့ ရာထူးတာဝန်ဟာ လူပုဂ္ဂိုလ်သာယာဖို့ ပေးအပ်ထားတာ မဟုတ်တဲ့အတွက် ကိုယ့်တာဝန်ကိုယ်ကျေပွန်ဖို့ လိုအပ်တယ်လို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် မြစ်ကြီးနားမြို့ တော်ခန်းမမှာ ပြုလုပ်တဲ့ ဌာနဆိုင်ရာတွေ့ဆုံပွဲမှာ သတိပေးပြောဆိုလိုက်ပါတယ်။

“ကျွန်တော်တို့ ရာထူးတာဝန်တွေပေးထားတယ် အဆောင်အယောင်တွေ ပေးထားတယ်ဆိုတာ လူပုဂ္ဂိုလ်သာယာပျော်မွေ့ဖို့အတွက် ပေးထားတာမဟုတ်ဘူး သူနဲ့ ထိုက်တန်တဲ့ လစာ အဆောင်အယောင်တွေဟာ ဥပဒေနဲ့အညီ ပြဌာန်းထားလို့ပေးထားတာဖြစ်တယ်၊ အဲ့ဒီအပေါ်မှာ သာယာပျော်မွေ့ပြီးတော့ ကိုယ့်တာဝန်ကိုကျေပွန်အောင်မလုပ်ရင် ကျွန်တော်တို့ရဲ့ ပြုပြင်ပြောင်းလဲရေးက ဘယ်လိုမှ အောင်မြင်မှာမဟုတ်ဘူး”ဟု နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် ဒီမိုကရေစီစနစ်မှာ အချုပ်အခြာအာဏာဟာ ပြည်သူလူထုလက်ထဲမှာရှိတဲ့အတွက် မိမိတို့ရရှိထားတဲ့နေရာဟာ နိုင်ငံသူနိုင်ငံသားတွေက တာဝန်ပေးပြီး ခိုင်းထားတာဖြစ်တယ်ဆိုတာ သတိရှိကြဖို့ လိုအပ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

“ရာထူးကို အာဏာထင်မယ် တာဝန်ကို လုပ်ပိုင်ခွင့်ထင်မယ် ဆိုရင် အစကတည်းက ကိုလုပ်တဲ့အလုပ်က ဘာမှအောင်မြင်စရာမရှိဘူး အစကတည်းက အတွေးအခေါ်ခံယူချက်ကိုက လွဲနေတာကို အဲ့ဒီလို ရာထူးကို အာဏာလို့ထင်ပြီး တာဝန်ကိုလုပ်ပိုင်ခွင့်လို့ ထင်နေရင်တော့ ကိုလုပ်တဲ့အလုပ်က မှန်စရာအကြောင်း မရှိတော့ဘူး ဒါကိုတော့ ကျွန်တော်တို့အဖြစ်ခံမှာမဟုတ်ဘူး ဒါကို သတိထားပါ”လို့ သမ္မတဦးဝင်းမြင့်က သတိပေးပြောဆိုခဲ့ပါတယ်။

ထို့အတူ ပြည်နယ်တိုင်းအစိုးရတွေနဲ့ ဆုံးဖြတ်ချက် မြန်ဆန်မှု မှန်ကန်မှု အပေါ်မူတည်ပြီး အဲ့ဒီပြည်နယ်တိုင်းဖွံ့ဖြိုးတိုးတတ်သလို နိုင်ငံသူနိုင်ငံသားတွေလည်း အကျိုးဖြစ်ထွန်းမှာ ဖြစ်ပြီး ပြည်နယ်တိုင်းအစိုးရတွေနဲ့ စီမံခန့်ခွဲမှု ညံ့ဖျင်းတာနဲ့အမျှ ဒီမိုကရေစီစနစ် ပျက်စီးဆုံးရှုံးသွားမှာဖြစ်တယ်လို့ နိုင်ငံတော်သမ္မတက ပြောဆိုခဲ့ပါတယ်။

သက်ပိုင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။