Trending Now

မြစ်ကြီးနားမြို့၌ ကြယ်လေးပွင့်အဆင့်ရှိ ရတနာတက်ချမ်းဟိုတယ်အသစ် ဖွင့်ပွဲသို့ ကချင်ပြည်နယ် ဝန်ကြီးချုပ် သီရိပျံချီ ဦးခက်ထိန်နန် တက်ရောက်ဖွင့်လှစ်

Spread the love

မြစ်ကြီးနားမြို့၌ ကြယ်လေးပွင့်အဆင့်ရှိ ရတနာတက်ချမ်းဟိုတယ်အသစ် ဖွင့်ပွဲသို့ ကချင်ပြည်နယ် ဝန်ကြီးချုပ် သီရိပျံချီ ဦးခက်ထိန်နန် တက်ရောက်ဖွင့်လှစ်

EPN
မြစ်ကြီးနား၊ ဒီဇင်ဘာ ၂၆

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ယုဇနရပ်ကွက်၊ ပြည်ထောင်စုလမ်းမကြီးဘေးတွင် တည်ဆောက်ထားသည့် ကြယ်လေးပွင့်အဆင့်ရှိ YADANA THAT CHAN HOTEL (ရတနာတက်ချမ်းဟိုတယ်) ဖွင့်ပွဲကို ယနေ့ ဒီဇင်ဘာလ ၂၈ ရက်နေ့၊ နံနက် (၈) နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့ပြီး ကချင်ပြည်နယ် အစိုးရအဖွဲ့၊ ပြည်နယ် ဝန်ကြီးချုပ် သီရိပျံချီ ဦးခက်ထိန်နန်မှ တက်ရောက် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

ယင်းဟိုတယ်ဖွင့်ပွဲတွင် Rev. Paul Naw Tawng မှ ဆုတောင်းပေးခဲ့ပြီး၊ ကချင်ပြည်နယ် ဝန်ကြီးချုပ် သီရိပျံချီ ဦးခက်ထိန်နန်၊ ပြည်နယ် တရားသူကြီးချုပ် ဝဏ္ဏကျော်ထင် ဦးတူးဂျာ၊ ပြည်နယ် ဥပဒေချုပ် ဒေါ်နန်းလှလှအေး၊ ရတနာတက်ချမ်း ကုမ္ပဏီလီမိတက် ဥက္ကဌ ဘုရားဒကာ ကျောင်းဒကာ ဦးလောဆန်းတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကာ လက်ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ်ခဲ့ကြသည်။

ယင်းနောက် ကချင်ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ တက်ရောက်လာကြသည့် ဧည့်သည်တော်များကို မြို့သစ်ရပ်ကွက်ရှိ “ယူနန်ဘုံကျောင်း” တွင်နေလယ်စာဖြင့် တည့်ခင်းဧည့်ခံကျွေးမွေးခဲ့သည်။

ယုဇနရပ်ကွက်၊ ပြည်ထောင်စုလမ်းမကြီးဘေးတွင် တည်ဆောက်ထားသည့် ရတနာတက်ချမ်းဟိုတယ်သည် မြစ်ကြီးနားတစ်မြို့လုံး၏ အလှအပကို အပေါ်စီးကနေ နေ့ရောညပါ ကြည့်ရှု့ခံစားနိုင်မည့် ဟိုတယ်တစ်ခုဖြစ်ပြီး ဟိုတယ်အရှေ့မျက်နှာစာ ခြံဝင်းအတွင်း ကျယ်ဝန်းသည့် Car Parking၊ အပေါ်ဆုံး အထပ်ခိုးတွင် Hotel Roof Top Bar၊ Fitness Jym Room များပါရှိပြီး၊ Metting Hall များ၊ မြေညီထပ်တွင် ဥရောပ စတိုင် စားသောက်ခန်း၊ Spa & Wellness Center များ ပါရှိကာ အထပ်အမြင့် ၁၂ လွှာ၊ အခန်းပေါင်း ၇၉ခန်းတွင် ဧည့်သည်တော် ၁၅၀ ကျော်အထိ စိတ်အေးချမ်းသာစွာ တည်းခိုနိုင်ကြောင်း သိရသည်။

“ကချင်ပြည်နယ်အတွင်း ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်၊ ပြည်နယ်အတွင်း ရှာဖွေ၍ရရှိလာသည့် ဝင်ငွေများဖြင့် ဒေသဖွံ့ဖြိုးတိုးတက်စေရန်၊ ခရီးသွားပြည်သူများ မြစ်ကြီးနားမြို့သို့ ရောက်ရှိပြီဆိုပါက စိတ်ချမ်းသာစွာဖြင့် ခရီးတစ်ထောက်နားခိုနိုင်ရန်၊ ရည်ရွယ်ကာ ဖွင့်လှစ်ခဲ့တာဖြစ်တယ်” ဟု ရတနာတက်ချမ်းဟိုတယ်၏ တာဝန်ရှိသူ ဦးလောဆန်းက ယင်း အခမ်းအနားဖွင့်ပွဲတွင် ပြောကြားခဲ့သည်။

ရတနာတက်ချမ်းဟိုတယ်၏ အများနှင့်မတူသည့် ထူးခြားချက်များမှာ ဟိုတယ်၏ ခန်းနားထည်ဝါမှု၊ ခေတ်မီဆန်းသစ်လှပသော နောက်ဆုံးပေါ် ဒီဇိုင်းအပြင်အဆင်များနှင့် သန့်ရှင်းသပ်ရပ်သော အခန်းများ၊ ၂၄ နာရီ လျှပ်စစ်မီးမပြတ်အောင် ဆောင်ရွက်ထားမှုများ၊ မြန်ဆန်တဲ့ Internet Speed နှင့် Wifi၊ Restaurants ၏ ဘူဖေးကောင်းကောင်း၊ အပန်းပြေစေမည့် Hotel Roof Top Bar၊ ကျန်းမာရေးအတွက် Hotel Spa၊ ကျယ်ဝန်းတဲ့ Car Parking၊ ဖေါ်‌ရွှေပျူငှါပြီး တိတိကျကျ ဆောင်ရွက်ပေးမည့် ဝန်ထမ်းကောင်းများ၊ ဧည့်သည်တော်များအတွက် လုံခြုံရေးအတွက် အထူးအစီအမံများပင် ဖြစ်ကြောင်း သိရသည်။

ဧည့်သည်တော်များ အနေနှင့် လာမည့် ၂၀၂၃ ခုနှစ်၊ နှစ်ဆန်း ၁ ရက်နေ့မှ စ၍ ရတနာတက်ချမ်းဟိုတယ်သို့ လာရောက်တည်းခိုနိုင်ပြီဖြစ်ကြောင်းနှင့် ရတနာတက်ချမ်းဟိုတယ်၏ ဖုန်းနံပတ် 09881166899၊ 09881155899 များသို့ ဆက်သွယ်ကာ အခန်းများကို ကြိုတင်မှာယူနိုင်ကြောင်းလည်း သိရသည်။

ဗညားနွဲ့


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။