Trending Now

မုန်းတိုင်းတိုက်ခတ်မှုကြောင့် သုံးဦးသေဆုံးခဲ့ပြီး လူနေအိမ် ရာနှင့်ချီပျက်စီးခဲ့

Spread the love

မုန်းတိုင်းတိုက်ခတ်မှုကြောင့် သုံးဦးသေဆုံးခဲ့ပြီး လူနေအိမ် ရာနှင့်ချီပျက်စီးခဲ့

EPN
မြစ်ကြီးနား၊ မေ ၁၅

ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) ဒဏ်ခံခဲ့ရသည့် ဒေသများတွင် လူနေအိမ် ၈၀၀ ကျော် နှင့် အခြားအဆောက်အဦး အများအပြားပျက်စီးခဲ့ပြီး ပြည်သူ ၃ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ဆိုင်ကလုန်းမုန်တိုင်းကြောင့် တိုင်းဒေသကြီး/ ပြည်နယ်များရှိ ရပ်ကွက်/ကျေးရွာများ၌ လူနေအိမ် ၈၆၄ လုံး၊ သာသနိကအဆောက်အဦ ၁၁ လုံး၊ ဘုန်းတော်ကြီးကျောင်း ၁၆ ကျောင်း၊ စာသင်ကျောင်း ၆၄ ကျောင်း၊ ဆေးရုံ/ဆေးခန်း ၁၄ ခု၊ ဆက်သွယ်ရေးတာဝါတိုင် ၇ ခု၊ လမ်းမီးတိုင် ၇၁ တိုင်၊ ဌာနဆိုင်ရာအဆောက်အဦ ၃၈ လုံး ပျက်စီးခဲ့ကြောင်း ပြန်ကြားရေးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

မုန်းတိုင်းဒဏ်ခံခဲ့ရသည့် ဒေသများအနက် ဒေသခံပြည်သူ စစ်တွေမြို ၁ ဦး၊ တောင်ကုတ်မြို ၁ ဦး၊ ရေကြည်မြို ၁ ဦး၊ စုစုပေါင်း ၃ ဦး သေဆုံးခဲ့ပြီး ဒေသခံပြည်များ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းထုတ်ပြန်ချက်တွင် ဖော်ပြထားပြီး ဆက်သွယ်ရေးလိုင်းများ ပြတ်တောက်နေသည့် အချို့ဒေသများတွင် ထိခိုက်ဒဏ်ရာရရှိမှု အများအပြားရှိနိုင်ကြောင်း သတင်းများတွင် ဖော်ပြထားသည်။

အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း “မိုခါ”၏ ရွေ့လျားရာတစ်လျှောက်ရှိ ဒေသ များတွင် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက်ရေကြီးခြင်း နှင့်အတူ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်သဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင် ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်ကိုလည်းကောင်း၊ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများ အနေဖြင့် ရေကြီး၊ ရေလျှံမှုများ ဖြစ်ပေါ်နိုင်သောကြောင့် ကြိုတင်သတိပြု ကြရန် မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှု ဦးစီးဌာနက အသိပေးထုတ်ပြန်ထားသည်။

Photo – မုန်းတိုင်းဒဏ်ခံခဲ့ရသည့် ဒေသအချို့မြင်ကွင်းများ
ကေကေ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။