Trending Now

သမိုင်းဝင်မြတ်မော်တင်စွန်းဘုရားပွဲတော်ကို ၁၅ ရက်ခန့်ကျင်းပမည်

Spread the love

သမိုင်းဝင်မြတ်မော်တင်စွန်းဘုရားပွဲတော်ကို ၁၅ ရက်ခန့်ကျင်းပမည်

EPN
ငပုတော၊ မတ်လ ၂

ဧရာဝတီတိုင်းဒေသကြီးတွင် ပုသိမ်ခရိုင် ငပုတောမြို့နယ် တင်းချောင်းကျေးရွာအုပ်စု မော်တင်စွန်းအငူတွင်တည်ရှိသော သမိုင်း၀င်ဆံတော်ရှင်မြတ်မော်တင်စွန်း စေတီတော်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို ၁၅ ရက်ခန့် တိုင်းအစိုးရ၏ စီစဉ်မှုဖြင့် ကျင်းပသွားမည် ဖြစ်ကြောင်း အဆိုပါ စေတီတော်ဂေါပကအဖွဲ့က သိရသည်။

 

အဆိုပါ မြတ်မော်တင်စွန်းဘုရားပွဲတော်အား ကိုဗစ် -၁၉ ရောဂါ စည်းကမ်းသတ်မှတ်ချက်များနှင့် အညီ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ အနီးကပ် ကြီးကြပ်၍ မတ်လ ၂ ရက်မှ ၁၆ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

“ယခုနှစ် ဘုရားပွဲကို ၁၅ ရက်တိုင်တိုင်ပြုလုပ် သွားမှဖြစ်ပါတယ်။ ဘုရားပွဲအတွက် လိုအပ်သော လုပ်ငန်းများကိုစတင် ဆောင်ရွက်နေပါတယ်။ နှစ်စဉ်ကတော့ တက္ကသိုလ်၀င်တန်းတွေ၊ တက္ကသိုလ်ကျောင်းသားတွေ စာမေးပွဲပြီးချိန်နဲ့ ကြုံကြိုက်နေတော့ စာမေးပွဲအပြီး ဘုရားလည်းဖူး၊ ပင်လယ်ရေလည်းချိုး အပန်းလည်းဖြေတဲ့သဘောမျိုး နဲ့မိသားစုလိုက်လာကြတာများတယ်ဘုရားပွဲအစ ကနေပြီးတဲ့နေ့အထိဆိုဘုရားဖူးတစ်သိန်းကျော် လောက်ရှိမယ်ခန့်မှန်းတယ်။”ဟု အဆိုပါ စေတီဂေါပကအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

အဆိုပါ ဘုရားပွဲကို ကျင်းပရန်အတွက် ကြိုတင်၍ ဘုရားတောင်တော် ရှင်းလင်းခြင်း၊ ရေတွင်းရေကန်များ ရှင်းလင်းခြင်း၊ ဘုရားမုခ်ဦးရှင်းလင်းခြင်း၊ မြတ်မော်တင်စွန်း စေတီတော်ကြီးနှင့်အရံစေတီများ၊ ဖောင်တော်ဦးစေတီများကို ပိုမိုတင်တယ်သပ္ပာယ်အောင်
ရောင်တော်ဖွင့် ရွှေဆေးသင်္ကန်းများ ကပ်လှူပူဇော်ခြင်း စသည့် လုပ်ငန်းများကို စီမံအုပ်ချုပ်ရေးအဖွဲ့၊ ရဲတပ်ဖွဲ့ တပ်မတော်နှင့် ဂေါပကအဖွဲ့ဒေသခံများက ပူးပေါင်း၍ ကို ရှေးမူမပြတ်ဆောင်ရွက်ထားကြောင်း သိရသည်။

 

ပုသိမ်မြို့တောင်ဘက်စွန်းတွင် တည်ရှိသော မြတ်မော်တင်စွန်းစေတီတော်သည် ရှေးအခါက မြတ်စ္စာဘုရားချီးမြှင့်တော်မူသော ဆံတော် (၈) ဆူကို ပင့်ဆောင်ပြီး မဇ္စျိမဒေသမှ မြန်မာပြည်ဘက်ပြန်လာသော တဖုဿနဲ့ ဘလ္လိက ကုန်သည်ညီနောင်နှစ်ဦး တို့သည် ဇေယျသေ နနဂါးမင်းပိုင်သော နဂရအငူကိုဖြတ်သန်းချိန်တွင် နဂါးမင်းက ဆံတော် ၂ ဆူကို ပင့်ဆောင်ပူဇော်ပြီး မော်တင်တောင်ထိပ်မှာ ဌာပနာထည့်၍ ယခုမြတ် မော်တင်စွန်းစေတီတည်ထားကိုးကွယ်ခဲ့ခြင်းသည်ဟု ဘုရားသမိုင်းမှတ်တမ်းများအရ သိရသည်။

 

သူရ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။