Trending Now
Spread the love

ဂျပန်နိုင်ငံသား နဲ့ ဒီနေ့ည ယှဉ်ပြိုင်ထိုးသတ်သွားမယ့် အောင်လအန်ဆန်း

EPN
မြစ်ကြီးနား၊ နိုဝင်ဘာ ၁၉

မြန်မာ့စပါအုံး အောင်လအန်ဆန်းဟာ ဒီကနေ့ညနေ ၄နာရီခွဲမှာ ကျင်းပပြုလုပ်မယ့် ဝမ်းချန်ပီယံရှစ်ရဲ့ ၁၆၃ ပြိုင်ပွဲအတွင်းမှာ ဂျပန်နိုင်ငံသား ယုယာဝါကာမဆု နဲ့ ယာဉ်ပြိုင်ထိုးသတ်သွားမှာဖြစ်ပါတယ်။

ယ်ဒယ်ဝိတ်တန်းခေါင်းစဉ်အောက်မှာ ထိုးသတ်ဖို့ စီစဉ်ထားတဲ့ အောင်လအန်ဆန်း နဲ့ ယုယာဝါကာမဆု တို့ ပါဝင်တဲ့ မိန်းပွဲစဉ်တွေကိုတော့ ဒီနေ့ည ၇ နာရီမှာ စတင်ကျင်းပသွားမယ်လို့ သိရပါတယ်။

အောင်လအန်ဆန်းဟာ ဝမ်းချန်ပီယံရှစ်က သတ်မှတ်ထားတဲ့ Hydration Test အတွင်း ဝင်ရောက်အောင် လုပ်ဆောင်နိုင်ခြင်း မရှိတဲ့အတွက် စောပိုင်းမှာတော့ ဝိတ်တန်းခေါင်းစဉ်ပြောင်းလည်းထိုးသတ်ရမယ်လို့ ခန့်မှန်းချက်တွေ ထွက်ပေါ်ခဲ့ပါတယ်။

ဒါပေမယ့် ဒီနေ့ ထုတ်ပြန်လိုက်တဲ့ ဝမ်းချန်ပီယံရှစ်ရဲ့ ပွဲစဉ် ဇယားတွေအရ အောင်လအန်ဆန်းနဲ့ ယုယာဝါကာမဆု တို့ဟာ မယ်ဒယ်ဝိတ်တန်းခေါင်းစဉ်အောက်မှာပဲ ထိုးသတ်သွားမှာ ဖြစ်ပါတယ်။

ကေကေ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။