Trending Now

ကိုဗစ်ကြောင့် ရွှေ့ပြောင်းဖွင့်လှစ်ထားသည့် ပျံကျယာယီဈေး ထပ်မံ ရွှေ့ပြောင်းဖွင့်လှစ်မည်

Spread the love

ကိုဗစ်ကြောင့် ရွှေ့ပြောင်းဖွင့်လှစ်ထားသည့် ပျံကျယာယီဈေး ထပ်မံ ရွှေ့ပြောင်းဖွင့်လှစ်မည်

EPN
အင်းတော်ကြီး၊ ဇွန် ၁၄

COVID-19 ကာကွယ်ထိန်းချုပ်ရေး အခြေအနေ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသ၊ နန့်မွန်းမြို့၊ မမုန်ကိုင် ကျေးရွာအုပ်စု၊ မိုင်းနောင်ကျေးရွာ၊ အထက ကျောင်းဝင်းတွင် ယာယီဖွင့်လှစ်ထားသည့် ပျံကျဈေးအား မိုးရာသီကာလ၌ အဆင်မပြေဖြစ်နိုင်သဖြင့်​ ထပ်မံရွှေ့ပြောင်းဖွင့်လှစ်သွားမည် မမုံကိုင်အုပ်စု အုပ်ချုပ်ရေးမှူးထံက သိရသည်။

အဆိုပါယာယီပျံကျဈေးသည် နံနက်ခင်းဈေးနေရာနှင့် ရောင်းချသူများမှာ လုံလောက်မှု မရှိခြင်း၊ အထကကျောင်း၏ အားကစားကွင်းနေရာဖြစ်ခြင်း၊ မိုးရာသီကာလ ဖြစ်၍ အဆင်မပြေမှုများရှိနေခြင်း၊
လမ်းသွားလမ်းလာ ဈေးဝယ်လာသူများ အခက်အခဲများရှိနေခြင်း၊ ဈေးသည်များအနေဖြင့် ဆိုင်ခင်းမည့် နေရာမရှိ၍ အခက်အခဲများ ကြုံတွေ့နေရခြင်းတို့အား စိစစ်တွေ့ရှိရ၍ အဆိုပါနေရာ အခြားနေရာသို့ ထပ်မံရွှေ့ပြောင်းရမည် ဖြစ်ကြောင်း မမုန်ကိုင်အုပ်စု အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်က ပြောပြသည်။

“မိုင်းနောင်၊ ဗိုလ်တဲစုရပ်က ချောင်းတုံး ချောင်းနံဘေးကို ရွှေ့ဖို့ စီစဉ်ထားပါတယ်၊ အခုဇွန် ၁၅ ရက်နေ့ (မနက်ဖြန်) စရွှေ့မယ်၊ အဲ့ဒီနေရာမှတော့ အခုဖွင့်ထားတဲ့နေရာထက် ပိုပြီး အဆင်ပြေပါတယ်” ဟု ဦးစိုးမြင်က ဆိုသည်။

လက်ရှိ မိုင်းနောင် ပျံကျယာယီဈေးရောင်းချသူ ဈေးသည် ၁၆၀ ဦး ကျော် ရှိကြောင်း သိရသည်။ ယခုထပ်မံ ရွှေ့ပြောင်းသည့်နေရာသည် မိုင်းနောင်ကျေးရွာ ဘိုတဲစုရပ်ကွက်နေ ဦးဝင်းနိုင်- ဒေါ်မြင့်ရီတို့ ပိုင်ဆိုင်သည့် မြေကွက်ဖြစ်ပြီး​ မြေဧရိယာ ၅ ဧက ခန့်ရှိသည့်အတွက် ဈေးသူ၊ ဈေးသားများ အပြင် ဈေးဝယ်လာမည့် ပြည်သူများအတွက် အဆင်ပြေမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် အဆိုပါ မြေနေရာ၏ ပိုင်ရှင် ဖြစ်သူအား ကျေးရွာအုပ်ချုပ်ရေးအဖွဲ့မှ ယာယီပျံကျဈေး ဖွင့်လှစ်နိုင်ရေး အကူအညီတောင်း ခွင့်ပြုချက်ရယူရာတွင် ပိုင်ရှင်ဖြစ်သူမှလဲ ကြည်ဖြူစွာ ခွင့်ပြုပေးခဲ့သည့် အပြင် ဈေးနေရာအတွက် ရာသက်ပန်အသုံးမည်ဆိုပါက စာချုပ်နှင်တကွ လှူဒါန်းသွားမည်ဟု အုပ်ချုပ်ရေးအဖွဲ့ထံ ပြောကြားခဲ့ကြောင်း သိရသည်။

နေကြာ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။