Trending Now

ဖားကန့်မြို့နယ်တွင် လေပြင်းတိုက်ခိုက်မှုကြောင့်လျှပ်စစ်ဓာတ်ကြိုးပြုတ်ကျရာမှ လူတစ်ဦး ဓာတ်လိုက်သေဆုံး

Spread the love

ဖားကန့်မြို့နယ်တွင် လေပြင်းတိုက်ခိုက်မှုကြောင့်လျှပ်စစ်ဓာတ်ကြိုးပြုတ်ကျရာမှ လူတစ်ဦး ဓာတ်လိုက်သေဆုံး

EPN
မြစ်ကြီးနား၊ မေလ ၉

ကချင်ပြည်နယ် ဖားကန့်မြို့နယ် တာရာကုန်ရပ်ကွက်တွင် ယမန်နေ့ည(မေလ ၈ရက်နေ့) ၈နာရီခန့်က မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် လျှပ်စစ်ဓာတ်ကြိုးပြုတ်ကျကာ လူတစ်ဦး ဓာတ်လိုက်သေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသူမှာ ယင်းလျှပ်စစ်ဓာတ်ကြိုးအား လမ်းပေါ်မှ ဖယ်ရှားရန် သွားရောက်ကောက်ယူခဲ့ခြင်းဖြစ်ပြီးလျှပ်စစ်ကြိုးမှာ လျှပ်စစ်စီးဝင်နေသည့်အတွက် နေရာတွင် ဓာတ်လိုက်သေဆုံးခဲ့ကြောင်း အနီးအနားရှိဒေသခံတစ်ဦးကပြောသည်။

“မနေ့က မိုးတွေကော လေတွေက တိုက်တော့ ကျနော်တို့ တာရာကုန်းကိုပေးနေတဲ့ လျှပ်စစ်လိုင်းက ကြိုးက ပြုတ်ခဲ့တာ ၊အဲ့ဒီကြိုးကို သေသွားတဲ့သူကလမ်းပေါ်မှာ ဆိုမကောင်းဘူး ထိခိုက်မိမယ်လို့ပြောပြီး သွားဖယ်ဖို့လုပ်တာ၊ ကြိုးက လျှပ်စစ်စီးနေတာကိုသတိမထားမိဘဲ ကိုင်လိုက်တာ နေရာမှာပဲ ဓာတ်လိုက်ပြီး သေဆုံးသွားတာပဲ” ဟု၎င်းကပြောသည်။

အဆိုပါ ဓာတ်လိုက်သေဆုံးသူမှာ အသက် (၄၅) နှစ်အရွယ်ရှိ ဖားကန့်မြို့နယ် ၊ နမ့်မှော်ကျေးရွာတွင်နေထိုင်သူ ကိုကြက်ဖ ဆိုသူဖြစ်ကြောင်းသိရသည်။

ယင်းသေဆုံးသူကို ဖားကန့်မြို့နယ် သင်္ခါလူမူကူညီရေးအသင်းကားဖြင့် ဖားကန့်မြို့နယ်ပြည်သူ့ဆေးရုံထံ ယမန့်နေညက ပို့ဆောင်ထားပြီးဖြစ်ကြောင်းသိရသည်။

ဗညားနွဲ့

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။