Trending Now

ဖားကန့်မြို့နယ် မိုးကာရွာအနီး တပ်မတော်နှင့် ကေအိုင်အေ တိုက်ပွဲဖြစ်

Spread the love

ဖားကန့်မြို့နယ် မိုးကာရွာအနီး တပ်မတော်နှင့် ကေအိုင်အေ တိုက်ပွဲဖြစ်

EPN
မြစ်ကြီးနား ၊ မေလ ၂၇

ကချင်ပြည်နယ် ၊ဖားကန့်မြို့နယ်၊ ဆိတ်မှူအုပ်စု မိုးကာရွာအနီး ယနေ့မနက် ၇ နာရီခန့်အချိန် တပ်မတော်နှင့် ကေအိုင်အေ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ‌ဖားကန့်မြို့ဒေသခံတစ်ဦးထံမှ သိရသည်။

ဖြစ်စဉ်မှာ တပ်မတော်ဘက်မှ နယ်မြေရှင်းလင်းရေးသွားစဉ် ကေအိုင်အေဘက်မှ စတင်တိုက်ခိုက်ခဲ့ပြီး နာရီဝက်ခန့် နှစ်ဦးနှစ်ဘက်အပြန်အလှန်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

“ဒီမနက်ပိုင်း ၇နာရီလောက်မှာစဖြစ်ကြတာဟုတ်တယ်၊မနက်အ‌စောကြီး စစ်သားတွေရွာလမ်းကဖြတ်သွားတာတော့တွေ့တယ်နောက်တော့ နဲနဲကြာတော့တိုက်ပွဲဖြစ်နေတာကြားရတယ်၊ကေအိုင်အေဘက်ကစပြီးတိုက်ခိုက်တာတပ်မတော်ဘက်က‌နယ်မြေရှင်းလင်းရေးအဖွဲ့နဲ့ဖြစ်တာပေါ့ ၊မိနစ် ၃၀လောက်ကြတယ်တိုက်ပွဲဖြစ်တာ”ဟု ၎င်းကပြောသည်။

အဆိုပါတိုက်ပွဲကြောင့် နှစ်ဦးနှစ်ဘက်သေဆုံးမှုမရှိကြောင်းနှင့် ကျေးရွာပြည်သူတွေရဲ့အိုးအိမ်ပျက်ဆီးမှုမရှိကြောင်းလည်း သိရသည်။
ဖားကန့်မြို့နယ်တွင် မကြာခဏတိုက်ပွဲဖြစ်ပွားလျှက်ရှိပြီး ပြီးခဲ့သည့် မေလ ၂၃ ရက်နေ့တွင်လည်း တပ်မတော်နှင့်ကေအိုင်အေတိုက်ပွဲဖြစ်ပွားခဲ့သည်။

လင်းယုန်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။