Trending Now

ပုသိမ်မြို့နယ်ဈေးကွက်၌ စားအုန်းဆီဈေး ပြန်တက်လာ

Spread the love

ပုသိမ်မြို့နယ်ဈေးကွက်၌ စားအုန်းဆီဈေး ပြန်တက်လာ

EPN
ပုသိမ်၊ ဖေဖော်ဝါရီ ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ် ဈေးကွက် တွင် စားအုန်းဆီဈေးနှုန်း ပြန်လည်တက်လာကြောင်းပုသိမ်မြို့ရှိ စားသောက်ကုန်ရောင်းဝယ်ရေး ပွဲရုံပိုင်ရှင်လုပ်ငန်းရှင်များထံမှ သိရသည်။

ပုသိမ်မြို့နယ်တွင် လွန်ခဲ့သည့် ဒီဇင်ဘာလနှင့် ဇန်နဝါရီလက စားအုန်းဆီတစ်ပိဿာလျှင် ငွေကျပ် ၄၅၀၀ မှ ၅၀၀၀ အထိရှိခဲ့သော်လည်းလက်ရှိဖေဖော်ဝါရီလတွင် တစ်ပိဿာလျင် ငွေကျပ် ၆၀၀၀ အထိဈေးတက်လာကြောင်းပြည်ပမှတင်သွင်းသော စာအုန်းဆီဈေးနှုန်း ပြန်လည်မြင့်တက်လာခြင်းသည် ပြည်ပမှဆီတင်သွင်းသည့် ကုမ္မဏီများ ဆီတင်သွင်းမှု လျော့ကျလာခြင်းကြောင့် ဖြစ်သည်ဟု မြို့ခံပွဲရုံများထံက စုံစမ်းသိရသည်။

”ဖေဖော်ဝါရီလလ ပထမ အပတ်ကနေစတင်ပြီး ယနေ့အထိ ပြည်ပတင်သွင်းကုန်တစ်ခုဖြစ်သော စားအုန်းဆီများဈေးနှုန်းများပြန်တက်လာပါတယ်။ ပြည်ပတင်သွင်းကုန်စည်ဖြစ်တော့အချို့ကုမ္မဏီတွေက ရပ်လာတာရယ်၊ အချို့ကလည်း တင်သွင်းစရိတ် များများလာတာကြောင့်ရယ်၊ ဆီကိုလျာ့သွင်းလာတာတွေကြောင့် လို့ဆီတင်သွင်းတဲ့ ကုမ္မဏီတွေက ပြောချက်အရသိရတယ်။ ဈေးနှုန်းများ ထပ်ကျလာမည်ဟုအများက ခန့်မှန်းသော်လည်းဈေးတက်လာတာဖြစ်ပါတယ်။ ကိုဗစ်ကလည်းပြည်တွင်းမှာ ထပ်ဖြစ်ရင်ကန့်သတ်ချက်တွေကြောင့် ဆီဈေးက ထပ်တက်ဖို့သာ ရှိပါတယ်။”ဟု ပုသိမ်မြို့ရှိ ဧရာမြန်မာ စားသောက်ကုန်ပွဲရုံပိုင်ရှင် ဦးဇော်လင်းကပြောသည်။

ပုသိမ်မြို့သို့ ရန်ကုန်တိုင်းဒေသကြီးမှ တစ်ဆင့် ပြည်ပနိုင်ငံများကတင်သွင်းသော စားအုန်းဆီများနေ့စဉ် ဝင်ရောက်လျက်ရှိကြောင်း၊ စားအုန်းဆီများကို နယ်မြို့များကို ဖြန့်ဖြူးရောင်းနေပြီးတစ်ရက်လျှင် စားအုန်းဆီ ပိဿာချိန် ငါးသာင်းမှ ကိုးသောင်းအထိ အရောင်းအဝယ် ဖြစ်လျှက်ရှိကြောင်း သိရသည်။

သူရ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။