Trending Now

မြစ်ကြီးနားမြို့တွင် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပပြုလုပ်

Spread the love

မြစ်ကြီးနားမြို့တွင် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပပြုလုပ်

EPN
မြစ်ကြီးနား၊ မတ် ၈ (၂၀၂၄)

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ယနေ့ (မတ်လ ၈ ရက်နေ့) နံနက်ပိုင်းက မြစ်ကြီးနားမြို့ အားကစားခန်းမဆောင်တွင် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အခမ်းအနားကို အမှတ် ၁ မူကြိုမှ ကလေးငယ်များမှ “ထာဝရ သစ္စာ” သီချင်းဖြင့် အခမ်းအနား ဖွင့်လှစ်ခဲ့ပြီး၊ ကချင်ပြည်နယ် အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် သီရိပျံချီ ဦးခက်ထိန်နန်မှ အဖွင့်အမှာစကား ပြောကြားခဲ့သည်။

” ယခုနှစ် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ရဲ့ ဆောင်ပုဒ်ဖြစ်တဲ့ “Invest in Women: Ac Accelerate Progress” “အရှိန်အဟုန်ဖြင့် တိုးတက်ရေး အမျိုးသမီးများတွင် မြှပ်နှံပေး” ဆိုတာနဲ့အညီ အမျိုးသမီးများနဲ့ အမျိုးသမီးငယ်ရွယ်များရဲ့ နည်းပညာဆိုင်ရာ အခွင့်အရေးတွေ ပိုမိုတိုးတက် အကောင်းအထည်ဖော် ဆောင်ရွက်နိုင်ရေး အရှိန်အဟုန်တိုးမြှင့် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ အမျိုးသမီးများရဲ့ဘဝ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ နည်းမျိုးစုံဖြင့် အကြမ်းဖက်ခံရမှုများမှ ကာကွယ်စောင့်ရှောက်ရေးအတွက် သက်ဆိုင်တဲ့ လုပ်ငန်း အစီအစဉ်များ၊ မူဝါဒများ၊ စီမံကိန်းများ၊ စီမံချက်များ၊ လမ်းညွှန်ချက်များကို ချမှတ်ဖော်ဆောင်တဲ့ နေရာမှာ တရားရေးဆိုင်ရာ ဝန်ဆောင်မှု၊ ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှု၊ လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ဝန်ဆောင်မှုများဟာ အကြမ်းဖက် ခံရသူများအတွက် မရှိမဖြစ် လိုအပ်တဲ့ ဝန်ဆောင်မှုများ ဖြစ်ပါတယ် ” ဟု ယင်းအဖွင့်အမှာစကားတွင် ထည့်သွင်းပြောကြားခဲ့သည်။

ယင်းနောက် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ် Video clip ကိုတင်ပြခဲ့ပြီး၊ မြစ်ကြီးနားမြို့နယ်အတွင်းရှိ မူလတန်းကြိုကျောင်း ကလေးငယ်များမှ အကအလှများဖြင့် ဖျော်ဖြေခဲ့ကြကြောင်း သိရသည်။

အဆိုပါ ကပြဖျော်ဖြေပေးခဲ့သည့် မူလတန်းကြို ကလေးငယ်များအတွက် ဝန်ကြီးချုပ်မှ တစ်ဖွဲ့လျှင် ငွေကျပ် ၁ သိန်းစီဖြင့် မူလတန်းကြိုကျောင်း ၃ ကျောင်းကို ထောက်ပံ့ပေးအပ်ခဲ့ပြီး၊ ကချင်ပြည်နယ် အစိုးအဖွဲ့၊ ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ တာဝန်ရှိသူများ၊ တက်ရောက်လာကြသည့် ဧည့်သည်တော်များ စုပေါင်းကာ စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။

ဗညားနွဲ့


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။