Trending Now

ယူကရိန်း နှင့် ရုရှား ပဋိပက္ခစတင်ချိန်မှစ၍ အကြီးဆုံးအကျဉ်းသားလဲလှယ်မှု ပြုလုပ်

Spread the love

ယူကရိန်း နှင့် ရုရှား ပဋိပက္ခစတင်ချိန်မှစ၍ အကြီးဆုံးအကျဉ်းသားလဲလှယ်မှု ပြုလုပ်

EPN
နိုင်ငံတကာ၊ ဇွန် ၃၀

ယူကရိန်းနိုင်ငံ နှင့် ရုရှားနိုင်ငံတို့သည် ဖေဖော်ဝါရီ ၂၄ ရက် ပဋိပက္ခစတင်ချိန်မှစ၍ အကြီးဆုံး အကျဉ်းသားလဲလှယ်မှု ပြုလုပ်ခဲ့ကြောင်း ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာန ဇွန် ၂၉ ရက်တွင် ထုတ်ပြန်သော ကြေညာချက်တွင် ပြောကြားခဲ့သည်။

အဆိုပါလဲလှယ်မှုရလဒ်ကြောင့် အသက် ၁၉ နှစ်နှင့် ၆၅ နှစ်အရွယ်ရှိ ယူကရိန်းနိုင်ငံသား ၁၄၄ ဦးမှာ ၎င်းတို့နေထိုင်ရာ နေအိမ်သို့ ပြန်သွားနိုင်ခဲ့ပြီဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ယင်းလဲလှယ်မှုအရ မာရီယူပိုးလ်မြို့ သံမဏိစက်ရုံအတွက် တွန်းလှန်တိုက်ခိုက်ခဲ့ပြီး လက်နက်ချခဲ့သည့် ယူကရိန်းစစ်သား ၂၅၀၀ ကျော်အတွင်းမှ တပ်သား ၄၃ ဦး အပါအဝင် ယူကရိန်းနိုင်ငံ အမျိုးသားအစောင့်တပ်ဖွဲ့၏ စစ်သား ၅၉ ဦးအား ရုရှားနိုင်ငံက လွှတ်ပေးခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ပြန်လွှတ်ပေးလိုက်သည့် ယူကရိန်းနိုင်ငံသားအများစုတွင် ဒဏ်ရာပြင်းထန်သူများ ပါဝင်ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။ ယူကရိန်းနိုင်ငံ နှင့် ရုရှားနိုင်ငံတို့သည် ပထမဆုံးအကျဉ်းသားလဲလှယ်မှုကို မတ် ၂၄ ရက်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

Source – Xinhua

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။