Trending Now

တောင်တရုတ်ပင်လယ်မှာ ရန်စမှုတွေကို အဆုံးသတ်ဖို့ တရုတ်က ဖိလစ်ပိုင်ကို သတိပေး

Spread the love

တောင်တရုတ်ပင်လယ်မှာ ရန်စမှုတွေကို အဆုံးသတ်ဖို့ တရုတ်က ဖိလစ်ပိုင်ကို သတိပေး

EPN
နိုင်ငံတကာ၊ အောက်တိုဘာ ၁၀

တောင်တရုတ်ပင်လယ်မှာ နောက်ထပ်ရန်စမှုတွေ မပြုလုပ်ဖို့ တရုတ်က ဖိလစ်ပိုင်ကို အောက်တိုဘာ ၉ ရက်နေ့က သတိပေးခဲ့ပြီး ဒီလုပ်ရပ်တွေဟာ တရုတ်နိုင်ငံရဲ့ ပိုင်နက်အချုပ်အခြာအာဏာကို ချိုးဖောက်တာဖြစ်သလို နိုင်ငံတကာဥပဒေ နဲ့ ဒေသတွင်း တည်ငြိမ်အေးချမ်းမှုကို ထိခိုက်စေတယ်လို့ ပြောကြားခဲ့ပါတယ်။

ဖိလစ်ပိုင်က ဒုတိယကမ္ဘာစစ်ခေတ်က ပို့ဆောင်ရေးသင်္ဘောတစ်စီး သောင်တင်နေတဲ့ Renai Reef ကျွန်းဆွယ်မှာ တပ်စွဲထားတဲ့ သူ့ရဲ့ တပ်တွေကို မကြာသေးမီက ထောက်ပံ့ရေးပစ္စည်းတွေ ပေးပို့ခဲ့ပြီး တရုတ်ကမ်းခြေစောင့်တပ်က ဒီထောက်ပံ့မှုတွေကို အကြိမ်ကြိမ်ဟန့်တားခဲ့ပါတယ်။

Renai Reef ကျွန်းဆွယ်ဟာ ဖိလစ်ပိုင် ပိုင်နက်နယ်မြေထဲမှာ ဘယ်တုန်းကမှ ပါဝင်ခဲ့ခြင်းမရှိသလို ဘယ်ဥပဒေကမှလည်း ပံ့ပိုးပေးထားခြင်းမရှိဘူးလို့ တရုတ်နိုင်ငံက ပြောပါတယ်။

၁၉၉၉ ခုနှစ်ကတည်းက သောင်တင်နေခဲ့တဲ့ BRP Sierra Madre စစ်သင်္ဘောကို ဖယ်ရှားပေးဖို့ ဖိလစ်ပိုင်ကို တရုတ်နိုင်ငံအကြိမ်ကြိမ်တိုက်တွန်းခဲ့ပေမယ့် ဖိလစ်ပိုင်က သူ့ရဲ့ကတိကဝတ်တွေကို ချိုးဖောက်ပြီး သင်္ဘောကို ဖယ်ရှားမပေးခဲ့ဘူးလို့ ဆိုပါတယ်။

“ဖိလစ်ပိုင်အနေနဲ့ တတ်နိုင်သမျှ အမြန်ဆုံးလုပ်ဆောင်ဖို့ ထပ်ခါတလဲလဲ ကတိပြုထားပါတယ်။ ဒါပေမယ့် ၂၄ နှစ်ကြာပြီးပြီ၊ ဖိလစ်ပိုင် စစ်သင်္ဘောလည်း ရှိနေတုန်းပါပဲ။ စကားကို ထပ်ခါထပ်ခါ ပြန်ပြောပြီး တရုတ်ရဲ့ အချုပ်အခြာအာဏာကို ချိုးဖောက်တဲ့ ဖိလစ်ပိုင်ရဲ့ လုပ်ရပ်ကို တရုတ်က လက်မခံနိုင်ဘူ” လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။

ဖိလစ်ပိုင်အနေနဲ့ ရန်စတဲ့ လုပ်ရပ်တွေကို ရပ်တန့်ဖို့နဲ့ တရုတ်နိုင်ငံဟာ ပိုက်နက်အချုပ်အခြာအာဏာနဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့အတွက် ရေပိုင်နက်ဆိုင်ရာအခွင့်အရေးတွေနဲ့အညီ လုပ်အပ်တဲ့အရာတွေကို ဆက်လက်လုပ်ဆောင်သွားမယ်လို့ ဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။

ref; Reuters

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။