Trending Now

တရုတ်နိုင်ငံက ကျပ်သိန်း ၃၇၀၀ ကျော်တန်ဖိုးရှိ COVID – 19 ရောဂါပိုး စမ်းသပ်ရှာဖွေရေးဓာတ်ခွဲခန်းသုံး ပစ္စည်းများလှူဒါန်း

Spread the love

တရုတ်နိုင်ငံက ကျပ်သိန်း ၃၇၀၀ ကျော်တန်ဖိုးရှိ COVID – 19 ရောဂါပိုး စမ်းသပ်ရှာဖွေရေးဓာတ်ခွဲခန်းသုံး ပစ္စည်းများလှူဒါန်း

EPN
မန္တလေး၊ မေ ၂၄

တရုတ်နိုင်ငံက ကျပ်သိန်း ၃၇၀၀ ကျော်တန်ဖိုးရှိ COVID – 19 ရောဂါပိုး စမ်းသပ်ရှာဖွေရေးဓာတ်ခွဲခန်းသုံး ပစ္စည်းများကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ထံ မေလ ၂၄ ရက်နေ့က Pullman Hotel မှာ လှူဒါန်း ပေးအပ်ခဲ့သည်။

အဆိုပါဓာတ်ခွဲခန်းသုံးပစ္စည်းများ ကျွမ်းကျင်စွာ အသုံးပြုနိုင်ရန်အတွက် ယူနန်ပြည်နယ်က ကျန်းမာရေးပညာ ရှင်များက တစ်ပတ်ခန့် သင်တန်းပေးသွားမည်ဖြစ်ပြီး မန္တလေးက ကျန်းမာရေးဝန်ထမ်းများသာမက ရှမ်းပြည် နယ်နှင့် မွန်ပြည်နယ်တို့မှ ကျန်းမာရေးဝန်ထမ်းများကိုပါ သင်ကြားပေးသွားမည်ဖြစ်သည်။

“လက်ရှိမှာ တရုတ် – မြန်မာနှစ်နိုင်ငံဟာ COVID – 19 ကို အပြီးသတ်နိုင်ဖို့အတွက် လက်ချင်းတွဲပြီး လုပ် ဆောင်နေပါတယ်။ မန္တလေးမြို့ဟာ မြန်မာနိုင်ငံမှာ ဒုတိယအကြီးဆုံးမြို့ဖြစ်ပြီး တရုတ်-မြန်မာ စီးပွားရေးစင်္ကြံရဲ့ အရေးကြီးတဲ့ဗဟိုချက်ဖြစ်ပါတယ်။ မန္တလေး COVID – 19 ရောဂါထိန်းချုပ်ရေးလုပ်ငန်းကို ကူညီတာဟာ တစ် နိုင်ငံလုံး COVID – 19 ရောဂါအောင်မြင်အောင်တိုက်ဖျက်နိုင်ဖို့ အရေးကြီးတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်”ဟု တရုတ် ကောင်စစ်ဝန်ချုပ်ဦးခင်စိန်က ပြောသည်။

မန္တလေးမြို့တွင် လူအယောက် ၁၈၀ ကျော်ကို Covid-19 ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးနိုင်မည့် စက်ရှိပြီးဖြစ် တရုတ်နိုင်ငံက နောက်ထပ်စစ်ဆေးနိုင်မည့်စက်ကို လှူဒါန်းခဲ့သည့်အတွက် Covid-19 ရောဂါပိုး ရှိ၊ မရှိ ပိုမိုစစ်ဆေးပေးနိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

Covid-19 ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးနိုင်သည့် ဓာတ်ခွဲခန်းကို ၃၅ လမ်း ၆၄ လမ်းနှင့် ၆၆ လမ်းကြားရှိ FDA ရုံးခန်းနေရာဟောင်းကို ပြန်လည်ပြင်ဆင်အသုံးပြုသွားမည်ဖြစ်ပြီး ဓာတ်ခွဲခန်း စတင်လည်ပတ်နိုင်ပါက တစ် ရက်လျှင် စမ်းသပ်မှု ၂ ကြိမ်ဆောင်ရွက်မည်ဖြစ်ကာ စမ်းသပ်မှုတစ်ကြိမ်လျှင် ဓါတ်ခွဲနမူနာ ၉၀ စမ်းသပ်မှု ပြုလုပ်နိုင်မည်ဖြစ်သည်။


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။