Trending Now

မြစ်ကြီးနားမြိုရှိ KTV တွင် ဖမ်းဆီးခံရသည့် KIA အရာရှိအိမ်ကို တပ်က ဘက်ဖိုးဖြင့် ဖြိုချ

Spread the love

မြစ်ကြီးနားမြိုရှိ KTV တွင် ဖမ်းဆီးခံရသည့် KIA အရာရှိအိမ်ကို တပ်က ဘက်ဖိုးဖြင့် ဖြိုချ

EPN
မြစ်ကြီးနား၊ နိုဝင်ဘာ ၁၆

နိုဝင်ဘာ ၁၂ ရက်နေ့က ကချင်ပြည်နယ်၊ မြစ်ကြီးနားမြိုရှိ Happy KTV တွင် ဖမ်းဆီးရမိခဲ့ သည့် KIA အရာရှိဖြစ်သူ နောင်နန်းဒုမြိုနယ်မှူး ဆလမ်ကဘာ ခွန်းအောင်(KIO)၏ နေအိမ်ကို တပ်က ယနေ့ နံနက်ပိုင်းက ဘက်ဖိုးဖြင့် ဖြိုချခဲ့ကြောင်း သိရသည်။

ဆလမ်ကဘာ ခွန်းအောင်(KIO)၏ အိမ်ဖြစ်သည့် မြစ်ကြီးနားမြိုနယ်၊ အူဗျစ်ရွာက နေအိမ်ကို ဖြိုချခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။

“ဒီနေ့မနက် အစောကြီးပဲ စစ်ကားတွေရောက်လာတာ ဟုတ်တယ် စစ်သားတွေက အိမ်ပေါ်က လူတွေကို ဆင်းခိုင်းပြီး အိမ်ထဲမှာ အကုန်လိုက်ရှာကြသေးတယ် ပြီးတော့မှ အိမ်ကို ဘူဒိုဇာနဲ့ ထိုးပြီးဖျက်သွားတာ လူတွေတော့ ဖမ်းသွားတာ မတွေ့မိဘူး” ဟု ဒေသခံတစ်ဦးကပြောသည်။

အဆိုပါ နေအိမ်အတွင်း၌ KIA ထုတ် ၄၀ မမ သေနတ် (၁)လက်၊ ဗုံးသီး (၄)လုံး၊ ချိန်ဆိုဒ် (၁)ခု၊ တရုတ်လက် ပစ်ဗုံး (၁)လုံး၊ လုပ်သေနတ် (၁)လက် တိုကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။