Trending Now

ထိုင်းနိုင်ငံမှာ နိုက်ကလပ်တစ်ခု မီးလောင်မှုဖြစ်ပွားခဲ့ရာ အနည်းဆုံး ၁၃ ဦး သေဆုံးကာ ၃၅ ဦးဒဏ်ရာရ

Spread the love

ထိုင်းနိုင်ငံမှာ နိုက်ကလပ်တစ်ခု မီးလောင်မှုဖြစ်ပွားခဲ့ရာ အနည်းဆုံး ၁၃ ဦး သေဆုံးကာ ၃၅ ဦးဒဏ်ရာရ
EPN
နိုင်ငံတကာ၊ သြဂုတ် ၅
ထိုင်းနိုင်ငံ ချွန်ချွန်ခရိုင်အတွင်းမှာရှိတဲ့ မောင်တိန်ဘီ ဆိုတဲ့ နိုက်ကလပ်တစ်ခုဟာ ဒီနေ့ နံနက်အစောပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၁၃ ဦး သေဆုံးကာ ၃၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသဆိုင်ရာ မီဒီယာတွေက ဖော်ပြထားပါတယ်။
ဒေသစံတော်ချိန် နံနက် ၁ နာရီခန့်က မီးလောင်မှု ဖြစ်ပွားခဲ့ရာ မီးလောင်မှုကြောင့် အမျိုးသား ကိုးဦး နဲ့ အမျိုးသမီး လေးဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူတွေကိုတော့ ဆေးရုံတင်ထားရတယ်လို့ ဘန်ကောက်ပို့စ် သတင်းဌာနက ဖော်ပြထားပါတယ်။
DJ ခန်းအနီးကနေ ပေါက်ကွဲသံ နှစ်ချက်ကြားပြီးနောက် မီးလောင်မှုစတင်ဖြစ်ပွားခဲ့ကြောင်း မျက်မြင်သက်သေတွေက ပြောကြားခဲ့ပြီး မီးလောင်မှုဖြစ်ပွားရတဲ့ အကြောင်းရင်းကိုတော့ စုံစမ်းနေဆဲဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
အဆိုပါ နိုက်ကလပ်ဟာ လွန်ခဲ့တဲ့ တစ်လခန့်ကမှ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ထိုင်းလူငယ်တွေကြားမှာ ရေပန်းစားနေတဲ့ နိုက်ကလပ်တစ်ခုဖြစ်ပါတယ်။
ထိုင်းနိုင်ငံမှာ ၂၀၀၉ ခုနှစ် ဇန်နဝါရီ လ ၁ ရက်နေ့ကလည်း ဘန်ကောက်မြို့က နိုက်ကလပ်တစ်ခုမီးလောင်မှုဖြစ်ပွားခဲ့ပြီး လူ ၁၆ ဦးသေဆုံးကာ ၂၀၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။
Source – bangkokpost

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။