Trending Now

ဖေစ်ဘုတ် Blue Mark ကိုလစဉ်ကြေးနဲ့ အသုံးပြုနိုင်တော့မယ်

Spread the love

ဖေစ်ဘုတ် Blue Mark ကိုလစဉ်ကြေးနဲ့ အသုံးပြုနိုင်တော့မယ်

EPN
မြစ်ကြီးနား၊ ဖေဖော်ဝါရီ ၂၁

အကောင့်အစစ်အမှန်ဖြစ်ကြောင်း အထောက်အထားဖြစ်တဲ့ Blue Mark ကို လစဉ်ကြေးနဲ့ ဝယ်ယူအသုံးပြုနိုင်တော့မယ်လို့ ဖေ့စ်ဘုတ်ပိုင်ရှင် မာ့ခ်ဇူကာဘက်က ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှာ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ဒီလိုလုပ်ဆောင်လိုက်တာဟာ လုံးခြုံရေးပိုင်ဆိုင်ရာကို တိုးမြင့်ဖို့နဲ့ အကောင့်အတုတွေကို ကာကွယ်ဖို့လုပ်ဆောင်ခဲ့တာလို့ ဇူကာဘတ်က ဆိုပါတယ်။

ဒီဝန်ဆောင်မှုကို အခုသီးတင်းပတ်အတွင်း သြစတြေးလျနဲ့ နယူးဇီလန်နိုင်ငံ နိုင်ငံတို့မှာ စတင်အသုံးပြုနိုင်မှာဖြစ်ပါတယ်။

Blue Mark အမှတ်အသား ကိုလျောက်ထားဖို့အတွက် နိုင်ငံသားစီစစ်ရေးကဒ်ပြားလို သက်ဆိုင်ရာ အာဏာပိုင်တွေက ထုတ်ပေးတဲ့ အထောက်အထားတွေ လိုအပ်မယ်လို့ ဆိုပါတယ်။

ဝယ်ယူအသုံးပြုလိုသူတွေအနေနဲ့ ငွေပေးချေရာမှာ ဝက်ဘ်ပေါ်မှာဆိုရင် ၁၁.၉၉ ဒေါ်လာ ကျသင့်မှာဖြစ်ပြီး မိုဘိုင်းဖုန်းတွေကတဆင့် ပေးချေမယ်ဆိုရင်တော့ ၁၄.၉၉ ဒေါ်လာ ကျသင့်မှာဖြစ်ပါတယ်။

ဒါပေမယ့် တွစ်တာမှာ လစဉ်ကြေးနဲ့ အကောင့်တွေကို blue mark ပေးပြီးတဲ့နောက် အကောင့်တုတွေ ပိုထွက်လာတဲ့ ပြဿနာတွေ ဖြစ်ပေါ်နေပြီး ဒီလိုပြဿနာမျိုးကို ဖေ့စ်ဘုတ်က ဘယ်လိုကိုင်သွယ်မလဲဆိုတော့မသိရသေးပါဘူး။

ကေကေ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။