Trending Now

မော်တော်ယာဉ်များအား ယာဉ်စစ်ဆေးခြင်းမပြုဘဲ သက်တမ်းတိုးပေးသွားမည်

Spread the love

မော်တော်ယာဉ်များအား ယာဉ်စစ်ဆေးခြင်းမပြုဘဲ သက်တမ်းတိုးပေးသွားမည်

EPN
မြစ်ကြီးနား ၊စက်တင်ဘာ ၂၁

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ကုန်း လမ်းပို့ဆောင်ရေးနှင့်ညွှန်ကြားမှုဦးစီးဌာနမှ စက် တင်ဘာ ၁၉ ရက်က သက်တမ်းကုန်ဆုံးမည့် မော် တော်ယာဥ်နှင့်မော်တော်ဆိုင်ကယ်များ သက် တမ်းတိုးခြင်းနှင့်ပတ်သက်၍ ယာဉ်စစ်ဆေးခြင်းမပြုဘဲ သက်တမ်းတိုးပေးသွားမည်ဖြစ်ကြောင်းအသိပေးကြေညာခဲ့သည်။

ကုန်းလမ်းပို့ဆောင်ရေးနှင့်ညွှန်ကြားမှုဦးစီးဌာနမှ ကိုဗစ်(၁၉)ရောဂါကြောင့် ယာယီရပ်နားခဲ့သည့် မော်တော်ယာဉ်၊မော်တော်ဆိုင်ကယ် နှစ်လဲသက်တမ်းတိုးများအား ပြန်လည်ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ လူစုလူဝေး အနည်းဆုံးဖြစ်စေရေးနှင့်လုပ်ငန်းများမြန်ဆန်စွာပြီးစီးရန် တိုင်း/ပြည်နယ်/ခရိုင်ရုံးများတွင် မှတ်ပုံ တင်ထားသည့် မော်တော်ယာဉ်နှင့်မော်တော်ဆိုင် ကယ်များအနက် Road Safety ဖြစ်စေရန်အရေး ကြီးသည့် အများပြည်သူသယ်ယူပို့ဆောင်သော ခရီးသည်တင်ယာဉ်များကိုသာ ယာဉ်စစ်ဆေးသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

သို့ရာတွင် အခြား မော်တော်ယာဥ်များနှင့်မော် တော်ဆိုင်ကယ်များအား ယာဉ်စစ်ဆေးခြင်းမပြုဘဲ မှတ်တမ်းနှင့်သာတိုက်ဆိုင်စစ်ဆေး၍ ယာဉ်စစ်ကင်းလွတ်ဖြင့် သက်တမ်းတိုးခြင်းအား ဒီဇင်ဘာ ၃၁ ရက်အထိ ပြုလုပ်ပေးသွားမည်ဖြစ် ကြောင်း သိရသည်။

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ မော်တော်ယာဥ်နှင့်မော်တော်ဆိုင်ကယ်များသက် တမ်းတိုးရာတွင် ခရီးသည်တင်မော်တော်ယာဥ်များမှအပ ယာဥ်စစ်ကင်းလွတ်ခွင့်အား ၂၀၂၁ ခုနှစ်၊မတ်လမှစတင်ကာ ခွင့်ပြုပေးခဲ့ခြင်းဖြစ် သည်။

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။