Trending Now

ပင်လယ်ထဲမှာ စက်လှေပျက်ပြီး မျှောပါနေတဲ့ ဘင်္ဂါလီ ၁၅၀ ကျော်ကို မြန်မာနိုင်ငံက ကယ်တင်ပေး

Spread the love

ပင်လယ်ထဲမှာ စက်လှေပျက်ပြီး မျှောပါနေတဲ့ ဘင်္ဂါလီ ၁၅၀ ကျော်ကို မြန်မာနိုင်ငံက ကယ်တင်ပေး

EPN
မြစ်ကြီးနား၊ ဒီဇင်ဘာ ၁၀

ပင်လယ်ထဲမှာ စက်လှေပျက်ပြီး မျှောပါနေတဲ့ ဘင်္ဂါလီ ၁၅၀ ကျော်ကို မြန်မာနိုင်ငံက ကယ်တင်ပေးထားတယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနက ဒီနေ့ သတင်းထုတ်ပြန်ထားပါတယ်။

မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့ လုပ်ငန်းက ရေယာဉ် နှစ်စင်းဟာ ဒီဇင်ဘာ ၇ ရက်နေ့ မနက်ပိုင်းက မြိတ်မြို့ရဲ့ အနောက်တောင်ဘက် ၁၅၅ မိုင်ခန့်အကွာမှာ ဘင်္ဂါလီလူမျိုးတွေ တင်ဆောင်လာတဲ့ လှေ ၁ စီး ရေဝင်ပြီး နစ်မြုပ်လုနီးပါးဖြစ်နေတာကို တွေ့ရှိရလို့ ကယ်ဆယ်ထားလိုက်ကြောင်း တပ်မတော်(ရေ)မှ လုံခြုံရေးစစ်ရေယာဉ်တွေကို သတင်းပေးပို့ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့ကြောင့် တပ်မတော်(ရေ)မှ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ကယ်တင်ထားတဲ့ ဘင်္ဂါလီလူမျိုး လူကြီး ကျား ၈၃ ဦး၊ မ ၄၀ ဦး၊ ကလေး ကျား ၂၃ ဦး၊ မ ၈ ဦး၊ စုစုပေါင်း ၁၅၄ ဦးတို့ကို ရေယာဉ်နဲ့ သွားရောက်ခေါ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ ဘင်္ဂါလီလူမျိုးတွေဟာ ပင်လယ်ပြင်ထဲမှာ အစာရေစာပြတ်လပ်မှုနဲ့ ကြုံတွေခဲ့ရကာ ကျန်းမာရေးချို့တဲ့မှုများ ဖြစ်ပေါ်နေကြောင်း တွေ့ရှိရလို့ ပြန်လည် ခေါ်ဆောင်လာတဲ့ လမ်းမှာ လိုအပ်တဲ့ ဆေးဝါးကုသမှုတွေနဲ့ အစားအစာ၊ သောက်သုံးရေ ကျွေးမွေးခြင်း စတဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကူညီဖေးမမှုတွေ ပြုလုပ်ပေးခဲ့တယ်လို့ ဆိုပါတယ်။

ကယ်တင်ခဲ့တဲ့ သူတွေအားလုံးဟာ ဘင်္ဂါလီစကားတစ်မျိုးတည်းသာ ပြောဆိုတတ်ပြီး ကနဦးမေးမြန်း ချက်အရ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇား ခရိုင်၊ ဒေါ့ကာစီဒုက္ခသည် စခန်းတွေက ဖြစ်ပြီး ဒုက္ခသည်စခန်းအတွင်း လူဦးရေများ ပြားခြင်း၊ လုံခြုံမှုမရှိခြင်း နဲ့ စားနပ်ရိက္ခာမလုံလောက်ခြင်းတို့ကြောင့် အင်ဒိုနီးရှား နိုင်ငံကို သွားရောက်ရန်အတွက် လိုက်ပါလိုသူမိသားစုများထံမှတာကာငွေ ၁၀ သိန်း ကောက်ခံပြီး စက်လှေ ၁ စီး ဝယ်ယူကာ နိုဝင်ဘာ ၂၇ ရက်နေ့မှာ အင်ဒိုနီးရှားနိုင်ငံကို ထွက်ခွာခဲ့တာလို့ ဆိုပါတယ်။

သူတို့ထွက်ခွာလာတဲ့ စက်လှေဟာ ဒီဇင်ဘာ ၇ ရက်နေ့မှာ စက်လှေအတွင်း ရေဝင်ရောက်ပြီး နစ်မြုပ်လုနီးပါးဖြစ်နေစဉ် မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့ လုပ်ငန်းက ရေယာဉ် နှစ်စင်း နဲ့ တွေ့ရှိကာ ကယ်တင်ပေးခဲ့လို့ လှေပေါ်လိုက်ပါလာသူအားလုံး အသက်ရှင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ ဘင်္ဂါလီလူမျိုးတွေကို မြိတ်မြို့ နယ်၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ပါဝင်သောအဖွဲ့စုံဖြင့် ရေယာဉ်ပေါ်မှာ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပြီး စစ်ဆေးမေးမြန်မှုတွေ ဆောင်ရွက်ပြီးစီးပါက စစ်တွေမြို့ကို ဆက်လက်ပို့ဆောင်ကာ သက်ဆိုင်ရာ နိုင်ငံကို ပြန်လည်လွှဲပြောင်း နိုင်ရေးအတွက် ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

အိမ်နီးချင်း ထိုင်းနိုင်ငံရေပိုင်နက်မှာ ဒီသီတင်းပတ်အစောပိုင်းက ဒုက္ခရောက်နေတယ်လို့ သတင်းတွေထွက်ပေါ်ခဲ့တဲ့ ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာဒုက္ခသည်တွေကို တင်ဆောင်လာတဲ့ သင်္ဘောဟာ အတူတူလားဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။