Trending Now

တောင်ကုတ်မြို့နယ်၊ ဘူးရွှေမော်ကျေးရွာမှ (COVID-19) ရောဂါ ကာကွယ်စောင့်ရှောက်ရေးကော်မတီ ဥက္ကဋ္ဌကို AA အဖွဲ့မှ ဖမ်းဆီး

Spread the love

တောင်ကုတ်မြို့နယ်၊ ဘူးရွှေမော်ကျေးရွာမှ (COVID-19) ရောဂါ ကာကွယ်စောင့်ရှောက်ရေးကော်မတီ ဥက္ကဋ္ဌကို AA အဖွဲ့မှ ဖမ်းဆီး

EPN
ရန်ကုန်၊ မေ ၆

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ ဘူးရွှေမော်ကျေးရွာရှိ ဦးသန်းရွှေ ၏နေအိမ်သို့ မေ(၅)ရက် နံနက်ပိုင်း၌ AA အကြမ်းဖက်သောင်းကျန်းသူများ ရောက်ရှိလာပြီး ၎င်းအား ဖမ်းဆီးသွားခဲ့သည်။

ဖြစ်စဉ်မှာ ဦးသန်းရွှေ(ဘ)ဦးစောမြ၊ အသက် ၅၂ နှစ်သည် ဇနီးဖြစ်သူနှင့်အတူ နေအိမ်၌ အိပ်နေကြစဉ် ဧပြီ (၅)ရက် နံနက် ၁ နာရီခွဲခန့်တွင် AA အကြမ်းဖက်သောင်းကျန်းသူများ နေအိမ်ခြံစည်းရိုးတံခါးအား ဖျက်ဆီးဝင်ရောက် လာကာ ဦးသန်းရွှေ အား ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသူ ဦးသန်းရွှေသည် ကျေးရွာ၌ ရိုးသားစွာ ကြုံရာကျပန်း အလုပ်လုပ်ကိုင်နေသူဖြစ်ကြောင်းနှင့် လက်ရှိတွင်လည်း ကျေးရွာ (COVID-19) ရောဂါ ကာကွယ်စောင့်ရှောက်ရေးကော်မတီ၌ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေသူဖြစ်သည်။

#AA #တောင်ကုတ်မြို့


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။