Trending Now

ဝန်ကြီးချုပ် မိုဒီအကြောင်း ဘီဘီစီ မှတ်တမ်းရုပ်ရှင်ကို အိန္ဒိယမှာ ထုတ်လွှင့်ခွင့် ပိတ်ပင်

Spread the love

ဝန်ကြီးချုပ် မိုဒီအကြောင်း ဘီဘီစီ မှတ်တမ်းရုပ်ရှင်ကို အိန္ဒိယမှာ ထုတ်လွှင့်ခွင့် ပိတ်ပင်

EPN
နိုင်ငံတကာ၊ ဇန်နဝါရီ ၂၃

၂၀၀၂ ခုနှစ် ဂူဂျာရတ်အဓိကရုဏ်းအတွင်း လက်ရှိအိန္ဒိယ ဝန်ကြီးချုပ် မိုဒီ၏ ခေါင်းဆောင်မှုကို မေးခွန်းထုတ်ထားသည့် ဘီဘီစီ မှတ်တမ်းရုပ်ရှင်ကို အိန္ဒိယမှာ ထုတ်လွှင့်ခွင့် ပိတ်ပင်လိုက်သည်။

ဘီဘီစီ မှတ်တမ်းရုပ်ရှင်ထုတ်လွှင့်မှုကို နိုင်ငံတစ်ဝှမ်းမှာ ပိတ်ပင်ခဲ့သလို ဆိုရှယ်မီဒီယာမှတစ်ဆင့် မည်သည့်ဗီဒီယိုဖိုင်ကိုမျှ မျှဝေခြင်းမပြုလုပ်ရန်လည်း အရေးပေါ်အာဏာကို အသုံးပြု၍ တားမြစ်ထားကြောင်း ပြောကြားခဲ့သည်။

ဘီဘီစီသည် အိန္ဒိယတွင် မှတ်တမ်းရုပ်ရှင်ကို ထုတ်လွှင့်ခြင်းမရှိသော်လည်း ဗီဒီယိုကို YouTube ချန်နယ်အချို့တွင် လွှင့်တင်ခဲ့သည်ဟု အစိုးရ၏အကြံပေးတစ်ဦးဖြစ်သည့် ကန်ချန်းဂူပတာ က ပြောကြားခဲ့သည်။

အစိုးရက တွစ်တာသို့ မှတ်တမ်းရုပ်ရှင် ဗီဒီယိုနှင့် ချိတ်ဆက်ထားသည့် တွစ်တာ ၅၀ ကျော်ကို ပိတ်ဆို့ရန် အမိန့်ထုတ်ထားပြီး YouTube မှ ဗီဒီယို အပ်လုဒ်များကို ပိတ်ပင်ရန် ညွှန်ကြားထားကြောင်း ဂူပတာ က ပြောကြားခဲ့သည်။

ဘီဘီစီ မှတ်တမ်းရုပ်ရှင်သည် ဝန်ကြီးချုပ်မိုဒီး အနောက်ဂူဂျာရတ်ပြည်နယ်၏ ဝန်ကြီးဖြစ်ခဲ့စဉ် လူပေါင်း ၁၀၀၀ ကျော်သေဆုံးခဲ့သည့် လူမျိုးရေး အဓိကရုဏ်များအကြောင်းကို မေးခွန်းထုတ်ထားသည်။

အဓိကရုဏ်အစသည် ဟိန္ဒူဘုရားဖူးများ တင်ဆောင်လာသည့် ရထားတစ်စင်း မီးလောင်မှုဖြစ်ပွားခဲ့ပြီး လူ ၅၉ ဦး သေဆုံးခဲ့သည်။ ယင်းနောက် လူမျိုးရေးအဓိကရုဏ်များ ဖြစ်ပေါ်လာကာ လူပေါင်း ၁၀၀၀ ကျော်သေဆုံးခဲ့ပြီး အများစုမှာ မွတ်စလင်များဟု ဆိုသည်။

ရုန်းရင်းဆန်ခတ်မှုတွင် အနည်းဆုံး နှစ်ဆခန့် သေဆုံးခဲ့သည်ဟု လူ့အခွင့်အရေး လှုပ်ရှားသူများက ခန့်မှန်းခဲ့ပြီး ရုန်းရင်းဆန်ခတ်မှုကို ရပ်တန့်ရန် ပျက်ကွက်ခဲ့သည်ဟူသော စွပ်စွဲချက်များကို မိုဒီက ငြင်းဆိုခဲ့သည်။

အဆိုပါ အဓိကရုဏ် အခန်းကဏ္ဍကို စုံစမ်းစစ်ဆေးရန် တရားရုံးချုပ်မှ ခန့်အပ်ထားသော အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့က စာမျက်နှာ ၅၄၁ မျက်နှာပါ အစီရင်ခံစာတွင် ဝန်ကြီးချုပ်အား တရားစွဲဆိုရန် အထောက်အထား မတွေ့ရှိရကြောင်း ၂၀၁၂ ခုနှစ်တွင် ပြောကြားခဲ့သည်။

— ကိုးကား —
AFP
Ref; India blocks BBC documentary on PM Modi from airing in India

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။