Trending Now

မိခင်နာရေးကိစ္စလုပ်နေချိန်တွင် ဆေးကြောင်နေသည့် သားဖြစ်သူမှ ဆွေမျိုးများအား ဓားဖြင့်ခုတ်

Spread the love

မိခင်နာရေးကိစ္စလုပ်နေချိန်တွင် ဆေးကြောင်နေသည့် သားဖြစ်သူမှ ဆွေမျိုးများအား ဓားဖြင့်ခုတ်

EPN
နေပြည်တော်၊ ဇန်နဝါရီ ၃၁

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို၊ ပုဂံမျှော်ကျေးရွာ၊ အောင်သောကုန်းတဲတိုက်တွင် မိခင်နာရေး ကိစ္စလုပ်နေချိန်အတွင်း ဆေးကြောင်နေသည့် သားဖြစ်သူမှအရက်မူးပြီး ဆွေမျိုးများအား ဓားဖြင့်ခုတ်ခဲ့ကြောင်း သိရပါတယ်။

ဇန်နဝါရီ ၃၁ ရက် နံနက် ၁၁ နာရီ ၂၇ မိနစ်အချိန်တွင် ဆေးကြောင်နေသည့် အမျိုးသားမှာ ၎င်း၏ ညီအစ်ကို ဝမ်းကွဲတော်စပ်သူ အမျိုးသားအားဓားဖြင့်ခုတ်ရာ နားရွက်ပြတ်၊ ဦးခေါင်းပြတ်ရှသည့် ဒဏ်ရာများရရှိခဲ့ပြီး ထို ဆေးကြောင်နေသည့် အမျိုးသားမှာ ၎င်း၏ အစ်မဖြစ်သူကိုလည်း ဓားဖြင့်ခုတ်ရာ အစ်မဖြစ်သူ၏ ဘယ်ဘက် လက်ပြတ်ရှသည့် ဒဏ်ရာများရရှိခဲ့ကြောင်း သိရပါတယ်။

ထိုဒဏ်ရာရရှိသူများကို မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲရောင်စုံမေတ္တာလူမှုကူညီရေးအသင်းမှ ဒဏ်ရာရသူ ၂ ဦးကိုလိုအပ်သည်များပြုစုပေးပြီး၊ အသင်းယာဉ်ဖြင့်မကွေးတိုင်းပြည်သူ့ဆေးရုံကြီးသို ပိုဆောင်ပေးခဲ့ကြောင်း သိရပါတယ်။

Photo – Credit

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။