Trending Now

အငြိမ်းစား ကျောင်းဆရာမတစ်ဦးအား ဓါးဖြင့်ထိုးသတ်သွားသည့် အမျိုးသားကို တစ်ရက်အတွင်း ဖမ်းဆီးရမိ

Spread the love

အငြိမ်းစား ကျောင်းဆရာမတစ်ဦးအား ဓါးဖြင့်ထိုးသတ်သွားသည့် အမျိုးသားကို တစ်ရက်အတွင်း ဖမ်းဆီးရမိ

EPN
ငါးသိုင်းချောင်း၊ စက်တင်ဘာ ၈

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ မြို့မရပ်ကွက်တွင် အငြိမ်းစား ကျောင်းဆရာမတစ်ဦးအား ဓါးဖြင့်ထိုးသတ်သွားသည့် အမျိုးသားကို ဖြစ်စဉ် ဖြစ်ပွားပြီး တစ်ရက်အကြာ စက်တင်ဘာ ၇ ရက်နေ့တွင် ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

အငြိမ်းစား ကျောင်းဆရာမကို သတ်ဖြတ်ခဲ့ သည့် အမျိုးသားမှာ အသက် ၂၀ အရွယ် နေမျိုးလှိုင်(ခ)ကျော်မျိုးလှိုင်ဖြစ်ပြီး ၎င်းကို ငါးသိုင်းချောင်းမြို့၊မြို့မရပ်ကွက် တွင် ဒေသခံများ၏ သတင်းပေးချက်အရ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

”အခုဖမ်းမိလို့အမှုဖွင့် စစ်ဆေးတယ် ၊ အသတ်ခံရတဲ့ ဆရာမကြီးက အငြိမ်းစားပါ ၊လွန်ခဲ့တဲ့ ၄ လခန့်က သတ်ဖြတ်သွားတဲ့ အမျိုးသားကို ကျောင်းအုပ်ဆရာမကြီးက ပိုက်ဆံခိုးတယ်ဆိုပြီး စွပ်စွဲခဲ့လို့ အရှက်ရခဲ့ရခြင်းကြောင့် မကျေမနပ်ဖြစ်ပြီး အငြိုးထားပြီး သတ်တာလို့သိရတယ် ၊ ဆရာမကြီးကို သူ့နေအိမ်နောက်မှာ တံမြက်စည်း လှဲနေတာကို တွေ့တဲ့အချိန်အသင့်ယူဆောင်လာတဲ့ ဓါးနဲ့ ဝမ်းဗိုက်ကို ထိုးတာလို့သိရတယ် ”ဟု ရဲတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

အဆိုပါ သတ်ဖြတ်ခံရသည့်အချိန်တွင် အငြိမ်းစား ဆရာမကြီးမှ “အဲ့လိုမလုပ်ရဘူး၊ အဲလိုမလုပ်ရဘူး လာကြပါဦး၊ကယ်ကြပါဦး”ဟုသြော်သံကြားသဖြင့်နေအိမ်၌ဟင်းချက်နေသည့်ဒေါ်ဝင်းဝင်းရှိန်သွားရောက်ကြည့်ရှုစဉ် ဆရာမ ဒေါ်ခင်မအုန်းမှာ နေအိမ်ခြံတွင်း မြေကြီးပေါ်၌ သွေးများဖြင့်လဲကျနေသည်အားတွေ့ရှိရ၍ အရေးပေါ်ကား ဖြင့် ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ပြစ်မှုကျူးလွန်သူ နေမျိုးလှိုင်(ခ) ကျော်မျိုးလှိုင်အား ရေကြည်မြို့နယ် ၊ ငါးသိုင်းချောင်းမြို့ နယ်မြေရဲစခန်း (ပ) ၃၆/၂၀၂၂ ရာဇသတ်ကြီးပုဒ်မ ၃၀၂ဖြင့် အမှုဖွင့်၍ တရားစွဲတင်ပို့ရန်ဆောင်ရွက်နေ ကြောင်းသိရသည်။

သူရ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။