Trending Now

ဒသမအႀကိမ္ေျမာက္ ဗုဒၶဘာသာ ယဥ္ေက်းလိမၼာသင္တန္းဖြင့္လွစ္

Spread the love

ဒသမအႀကိမ္ေျမာက္ ဗုဒၶဘာသာ ယဥ္ေက်းလိမၼာသင္တန္းဖြင့္လွစ္

EPN
ဗန္းေမာ္၊ မတ္ ၁၇

ကခ်င္ျပည္နယ္ ဗန္းေမာ္ျမိဳ ့ မင္းကုန္းရပ္ကြက္မဟာသိမ္ေတာ္ႀကီး ပရိယတိၱစာသင္တိုက္ ဦးစီးပဓာန နာယက ဆရာေတာ္ အဂၢမဟာဂႏၲဝါစက ပ႑ိတဘဒၵႏၲပညိႏၵာလကၤာရ ဦးစီး၍ ဒသမအႀကိမ္ေျမာက္ ဗုဒၶဘာသာ ယဥ္ေက်းလိမၼာသင္တန္းကို မတ္လ၁၆ ရက္ေန ့က သိမ္ဟာေစတီ ဦးတင္ဓမၼာရံု၌ ဖြင့့္လွစ္ ခ့ဲေၾကာင္း ခရိုင္ဗုဒၶဘာသာလူငယ္အဖဲြ ့ သင္တန္းဆရာမမ်ားထံမွ သိရသည္။


“ေႏြရာသီေက်ာင္းပိတ္ရက္ကာလတြင္ ဗုဒၶဘာသာ ယဥ္ေက်းလိမၼာသင္တန္းတက္ေရာက္ျခင္းျဖင့္ ဘုရားရွင္ရဲ႕ ဆုံးမၾသဝါဒ မဂၤလာတရားေတာ္မ်ား သိရွိနားလည္ၾကၿပီး ယဥ္ေက်းသိမ္ေမြ ့တ့ဲ ေမာင္ယဥ္ေက်း မယဥ္ေက်းမ်ား ျဖစ္ဖို႕ အတြက္ရည္ရြယ္၍ ဤသင္တန္းကို ဖြင့္လွစ္ရျခင္း ျဖစ္ေၾကာင္း” သင္တန္းဆရာ ဦးဝင္းနိုင္ က ေျပာသည္။

အဆိုပါသင္တန္းကို မတ္လ ၁၆ ရက္ ေန ့မွ ဧျပီ ၁၀ ရက္ေန႕အထိ ျဖစ္၍ ေန ့စဥ္ နံနက္ ၈ နာရီ မွ မြန္းတည့္ ၁၂ နာရီ အထိဖြင့္လွစ္၍ ဆရာေတာ္သံဃာေတာ္မ်ား။ ရဟန္းမ်ားႏွင့္ ယဥ္ေက်းလိမၼာသင္တန္း ဆရာဆရာမမ်ားကသင္ၾကားပို ့ခ်ေပးမည္ ျဖစ္ေၾကာင္းသိရသည္။
 

ေႏြရာသီဗုဒၶဘာသာ ယဥ္ေက်းလိမၼာသင္တန္းကို ဘာသာရပ္ ေလးမ်ိဳးခြဲ၍ သင္ၾကား ပုိ႕ခ်လ်ွက္ရွိသည္။ အေျချပဳ အဆင့္၊ ပထမအဆင့္၊ ဒုတိယအဆင့္၊ တတိယအဆင့္၊ အဘိဓမၼာသင္တန္းမ်ားျဖစ္သည္။
အေျချပဳ အဆင့္ ၂၅ ဦး၊ ပထမ အဆင့္ ၂၆ ဦး၊ ဒုတိယအဆင့္ ၃၀ ဦး၊ တတိယအဆင့္ ၂၅ ဦး၊ အဘိဓမၼာသင္တန္း ၁၅ ဦး၊ စုစုေပါင္း ၁၂၁ ဦး တက္ေရာက္လ်ွက္ရွိေၾကာင္း သိရသည္။
 

ဗန္းေမာ္သုခမိန္
——————————————

ဒသမအကြိမ်မြောက် ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာသင်တန်းဖွင့်လှစ်

EPN
ဗန်းမော်၊ မတ် ၁၇

ကချင်ပြည်နယ် ဗန်းမော်မြို့ မင်းကုန်းရပ်ကွက်မဟာသိမ်တော်ကြီး ပရိယတ္တိစာသင်တိုက် ဦးစီးပဓာန နာယက ဆရာတော် အဂ္ဂမဟာဂန္တဝါစက ပဏ္ဍိတဘဒ္ဒန္တပညိန္ဒာလင်္ကာရ ဦးစီး၍ ဒသမအကြိမ်မြောက် ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာသင်တန်းကို မတ်လ၁၆ ရက်နေ့က သိမ်ဟာစေတီ ဦးတင်ဓမ္မာရုံ၌ ဖွင့်လှစ် ခဲ့ကြောင်း ခရိုင်ဗုဒ္ဓဘာသာလူငယ်အဖွဲ့ သင်တန်းဆရာမများထံမှ သိရသည်။

“နွေရာသီကျောင်းပိတ်ရက်ကာလတွင် ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာသင်တန်းတက်ရောက်ခြင်းဖြင့် ဘုရားရှင်ရဲ့ ဆုံးမသြဝါဒ မင်္ဂလာတရားတော်များ သိရှိနားလည်ကြပြီး ယဉ်ကျေးသိမ်မွေ့တဲ့ မောင်ယဉ်ကျေး မယဉ်ကျေးများ ဖြစ်ဖို့ အတွက်ရည်ရွယ်၍ ဤသင်တန်းကို ဖွင့်လှစ်ရခြင်း ဖြစ်ကြောင်း” သင်တန်းဆရာ ဦးဝင်းနိုင် က ပြောသည်။

အဆိုပါသင်တန်းကို မတ်လ ၁၆ ရက် နေ့မှ ဧပြီ ၁၀ ရက်နေ့အထိ ဖြစ်၍ နေ့စဉ် နံနက် ၈ နာရီ မှ မွန်းတည့် ၁၂ နာရီ အထိဖွင့်လှစ်၍ ဆရာတော်သံဃာတော်များ။ ရဟန်းများနှင့် ယဉ်ကျေးလိမ္မာသင်တန်း ဆရာဆရာမများကသင်ကြားပို့ချပေးမည် ဖြစ်ကြောင်းသိရသည်။

နွေရာသီဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာသင်တန်းကို ဘာသာရပ် လေးမျိုးခွဲ၍ သင်ကြား ပို့ချလျှက်ရှိသည်။ အခြေပြု အဆင့်၊ ပထမအဆင့်၊ ဒုတိယအဆင့်၊ တတိယအဆင့်၊ အဘိဓမ္မာသင်တန်းများဖြစ်သည်။
အခြေပြု အဆင့် ၂၅ ဦး၊ ပထမ အဆင့် ၂၆ ဦး၊ ဒုတိယအဆင့် ၃၀ ဦး၊ တတိယအဆင့် ၂၅ ဦး၊ အဘိဓမ္မာသင်တန်း ၁၅ ဦး၊ စုစုပေါင်း ၁၂၁ ဦး တက်ရောက်လျှက်ရှိကြောင်း သိရသည်။

ဗန်းမော်သုခမိန်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။