Trending Now

အင်ဒိုနီးရှားတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၃၂ ဦးအထိ ရှိလာပြီ

Spread the love

အင်ဒိုနီးရှားတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၃၂ ဦးအထိ ရှိလာပြီ
 

EPN
နိုင်ငံတကာ မတ် ၂၀

အင်ဒိုနီးရှားနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူ ၃၂ ဦး သေဆုံးခဲ့ပြီး ယနေ့ နောက်ထပ် ကူးစက်ခံရသူ ၆၀ ဦး အတည်ပြုခဲ့ရာ ကူးစက်ခံရသူ စုစုပေါင်း ၃၆၉ ဦးအထိ ရှိလာခဲ့ပြီဟု အင်ဒိုနီးရှား အမျိုးသားဘေးအန္တရာယ် စီမံခန့်ခွဲရေးအေဂျင်စီ (BNPB) က ထုတ်ပြန်သည့် အချက်အလက်များအရ သိရသည်။


လူ ၁၇ ဦး ရောဂါမှ ပြန်လည်သက်သာလာခဲ့သည်။ မတ်လ ၂၈ ရက်မှစ၍ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရ သည့် လူနာများကို သီးခြားထားရှိကုသရန် ဂျကာတာမြို့တော်မြောက်ပိုင်း ဂျာဗားပင်လယ်အတွင်းရှိ ဆီဘာရူ ကျွန်းနှင့် ဂါလန်ကျွန်းတို့ကို အသုံးပြုသွားမည်ဟု အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက ယနေ့ ပြောကြားလိုက်သည်။

၂၀၁၈ ခုနှစ် အာရှအားကစားပြိုင်ပွဲတွင် အားကစားသမားများတည်းခိုရန် အသုံးပြုခဲ့သည့် ဗဟိုဂျကာ တာရှိ တိုက်ခန်းများကို စနေနေ့မွန်းတည့်ချိန်မှစ၍ ကိုရိုနာဗိုင်းရပ်စ် ကူးစက်လူနာများကုသသည့် အရေးပေါ် ဆေးရုံတစ်ခုအဖြစ် ပြောင်းလဲမည်ဟု ၎င်းက ပြောကြားသည်။

–ကိုးကား–ဆင်ဟွာ
Ref; Death toll of COVID-19 in Indonesia jumps to 32, total cases at 369


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။