Trending Now

တရုတ်ပြည်သို့ ကချင်ပြည်နယ်မှထွက်ရှိသည့် တစ်သျှူးငှက်ပျော တင်ပို့မှု တစ်ရက်လျှင် ကုန်တင်ကားအစီးရေ ၃၅၀ ကျော်ထိရှိလာ

Spread the love

တရုတ်ပြည်သို့ ကချင်ပြည်နယ်မှထွက်ရှိသည့် တစ်သျှူးငှက်ပျော တင်ပို့မှု တစ်ရက်လျှင် ကုန်တင်ကားအစီးရေ ၃၅၀ ကျော်ထိရှိလာ

EPN
မြစ်ကြီးနား၊ ဇွန် ၁၅

ကချင်ပြည်နယ်မှထွက်ရှိသည့် တစ်သျှူးငှက်ပျောများကို ကံပိုင်တည် နယ်စပ်ဂိတ်မှ တစ်ဆင့် တရုတ်နိုင်ငံသို့ တင်ပို့လျှက်ရှိရာ ဇွန်လ ၇ ရက်နေ့မှ စတင်ပြီး တစ်ရက်လျှင် အစီးရေ ၃၅၀ ကျော်ထိတင်ပို့လျှက်ရှိကြောင်း မြန်မာ့ကုန်သွယ်မှုဦးစီးဌာနမှ သိရသည်။

“ပြီးခဲ့တဲ့ မေလတုန်းက တစ်ရက်ကို ငှက်ပျော ကားအစီးရေ ၂၅၀ လောက်ပဲ တင်ပို့ခဲ့ရပေမယ့် ဇွန်လ ၇ ရက်နေ့နောက်ပိုင်းမှာ အစီးရေ ၃၅၀ ကျော်ထိရှိလာတာဖြစ်ပါတယ်” ကချင်ပြည်နယ် အဝေးပြေးကုန်စည်ပို့ဆောင်ရေးလုပ်ငန်းများအသင်းမှ အကြံပေး ဒေါ်တူးက ပြောဆိုထားသည်။

လက်ရှိမှာ တစ်သျှူးငှက်ပျောကားများကို ပုံမှန်တင်ပို့လျက်ရှိကြောင်းနှင့် တစ်သျှူးငှက်ပျောများကို ကချင်ပြည်နယ် ဝိုင်းမော်၊ မိုးမောက်၊ ဗန်းမော်မြို့နယ် များတွင် ၂၀၀၆ ခုနှစ်ကတည်းက စတင်စိုက်ပျိုးလာခဲ့ကြပြီး တရုတ်နိုင်ငံသို့ အဓိက တင်ပို့လျက်ရှိကြောင်း သိရသည်။

ဝလုံး

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။