Trending Now

ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီတစ်ခုမှ နေရပ်ပြန်လိုသည့် ကုမ္ပဏီ ဝန်ထမ်းနှင့် အလုပ်သမားများအား လုပ်ခလစာအပြင်၊ ဘောက်ဆူးများ ထုတ်ပေးနေ

Spread the love

ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီတစ်ခုမှ နေရပ်ပြန်လိုသည့် ကုမ္ပဏီ ဝန်ထမ်းနှင့် အလုပ်သမားများအား လုပ်ခလစာအပြင်၊ ဘောက်ဆူးများ ထုတ်ပေးနေ

EPN
ဖားကန့်၊ မတ် ၃၀

ဖားကန့်ကျောက်စိမ်းမှော်ဒေသ၊ ဆိပ်မူကျေးရွာအုပ်စု၊ ဝှေခါကျေးရွာရှိ ကျောက်စိမ်း တူးဖော်ရေး ကုမ္ပဏီတစ်ခုဖြစ်သည့် တစ်သုံးလုံး ကျောက်မျက်တူးဖော်ရေး ကုမ္ပဏီမှ နေရပ်ပြန်လိုသည့် ဝန်ထမ်း (၃၀၀)ခန့်အား လုပ်ခလစာနှင့် ဘောက်ဆူးငွေများ ထုတ်ပေးလျှက် ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ရက်ပိုင်းက အဆိုပါကုမ္ပဏီတွင် ဝန်ထမ်းတစ်ဦးမှ ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်ပြီး မဟုတ်မမှန် သတင်းလွှင့်ခဲ့မှုကြောင့် ဝန်ထမ်း၊ အလုပ်သမားအချို့က စိုးရိမ်မှုလွန်ကဲကာ ကျန်သည့် ဝန်ထမ်းများကို စည်းရုံးလှုံ့ဆော်ခဲ့မှုကြောင့် အလုပ်သမားများနေရပ်ပြန်ရေးနှင့် လုပ်ငန်းရာသီချိန်မကုန်ဆုံးမီ လုပ်ခလစာများ ထုတ်ပေးရေး ဟစ်အော်တောင်းဆိုခဲ့ကြကာ ခဲများဖြင့် ပြစ်ပေါက်ခဲ့ကြသဖြင့် ကုမ္ပဏီမှ မော်တော်ယာဉ်အချို့ လေကာမှန်များ ပျက်ဆီးခဲ့သည်။

ယင်းဖြစ်စဉ်အပေါ် သက်ဆိုင်ရာတာဝန်ရှိသူများမှ ညှိနှိုင်းပေးခဲ့ကြသဖြင့် ကုမ္ပဏီနှင့် ဝန်ထမ်း ကြေလည်မှု ရရှိပြီး ယနေ့ မတ်လ ၃၀ ရက်နေ့၊ နံနက်ပိုင်းမှ စတင်ကာ နေရပ်ပြန်လိုသော ဝန်ထမ်းများ၊ အလုပ်သမားများကို လုပ်ခလစာများအပြင်၊ အချိန်ပိုကြေး၊ ဘောက်ဆူး အပိုဆုကြေးငွေများ ထုတ်ပေးလျှက်ရှိသည်။

ဖားကန့်ကျောက်စိမ်းမှော်ဒေသရှိ ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီများမှ ဝန်ထမ်းများ၊ အလုပ်သမား လုပ်သားများအနေနှင့် နေရပ်ပြန်လိုပါက ကုမ္ပဏီအနေနှင့် ညှိနှိုင်းကာ အကောင်းဆုံးစီစဉ်ဆောင်ရွက်ပေးကြရန်အတွက် ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးဒါရှီလဆိုင်းကလည်း ကျောက်မျက်လုပ်ငန်းရှင်များနှင့် သက်ဆိုင်ရာ ဌာနဆိုင်ရာများသို့ တိုက်တွန်းထားသည်။

နောင်ရိုး


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။