Trending Now

ရုရှားဖက်ဒရေးရှင်းနိုင်ငံ Sputnik သတင်းအေဂျင်စီ နှင့် မြန်မာနိုင်ငံပိုင် The Global New Light of Myanmar သတင်းစာတို့ သတင်းအချက်အလက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခြင်း သဘောတူစာချုပ်ချုပ်ဆိုခဲ့ကြ

Spread the love

ရုရှားဖက်ဒရေးရှင်းနိုင်ငံ Sputnik သတင်းအေဂျင်စီ နှင့် မြန်မာနိုင်ငံပိုင် The Global New Light of Myanmar သတင်းစာတို့ သတင်းအချက်အလက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခြင်း သဘောတူစာချုပ်ချုပ်ဆိုခဲ့ကြ

EPN
မြစ်ကြီးနား၊ စက်တင်ဘာ ၁၂

ရုရှားဖက်ဒရေးရှင်းနိုင်ငံ Sputnik အေဂျင်စီ နှင့် မြန်မာနိုင်ငံပိုင် The Global New Light of Myanmar သတင်းစာတို့အကြား သတင်းအချက်အလက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခြင်း သဘောတူစာချုပ်ချုပ်ဆိုခဲ့ကြကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ ထုန်ပြန်ချက်အရ သိရသည်။

ကမ္ဘာအနှံ့ဘာသာစကား ၃၂ မျိုးဖြင့် ဖြန့်ချီနေသည့် Sputnik မီဒီယာကုမ္ပဏီသည် ရုရှား၏ အကြီးဆုံးမီဒီယာများထဲမှ တစ်ခုအပါအဝင်ဖြစ်ပြီး မြန်မာနိုင်ငံသတင်းလိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန်နှင့် ရုရှားနိုင်ငံမှ သတင်းများကို မြန်မာပြည်အတွင်း အသုံးပြုနိုင်ရန်အတွက် စက်တင်ဘာ ၅ ရက်တွင်‌ သဘောတူစာချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ အေဂျင်စီက မြန်မာနိုင်ငံမှာ ကိုယ်စားလှယ်မရှိသေးဘူး။ နေပြည်တော်မှာလည်းမရှိဘူး။ ရန်ကုန်မှာလည်းမရှိဘူး။ ဒါပေမယ့် မြန်မာနိုင်ငံကသတင်းတွေကို လိုအပ်လာမှုတွေ တဖြည်းဖြည်းချင်းကြီးထွားလာနေတယ်။ အဲဒါကြောင့်(မြန်မာ) သတင်းတွေကို ပို့ပေးမယ့် မိတ်ဖက်ကျွန်တော်တို့ လိုအပ်နေတယ်။ အပြန်အလှန်အားဖြင့်လည်းပဲပေါ့။ မော်စကိုမှာ မြန်မာကုမ္ပဏီတစ်ခုအနေနဲ့ သတင်းထောက်တစ်ယောက်လာထားဖို့က သိပ်မလွယ်လှပါဘူး။ အဲဒါကြောင့် ရုရှားနဲ့ပတ်သက်တဲ့ သတင်းတွေ ခင်ဗျားတို့ကိုသုံးလို့ရအောင် ကျွန်တော်တို့ပေးဖို့ အဆင်သင့်ပါ။ ဒုတိယအချက်က ကျွန်တော်တို့ဟာနိုင်ငံ တကာမီဒီယာအုပ်စု တစ်ခုဖြစ်တယ်။ Sputnik ဟာ ကမ္ဘာအနှံ့ဘာသာစကား ၃၂ မျိုးနဲ့ ဖြန့်ချိလွှင့်ထုတ်ပေးနေတယ်။ ကျွန်တော်တို့ ပရိသတ်အစိတ်အပိုင်းအချို့ဟာ မြန်မာနိုင်ငံမှာနေထိုင်နေကြတယ်။ အဲဒါကြောင့် ဒီပြည်တွင်းက ပရိသတ်တွေအကြောင်းနားလည်ဖို့ ကျွန်တော်တို့အတွက် တကယ့်ကိုအရေးကြီးပါတယ်။ စိတ်ဝင်စားမှုတွေ၊ မီဒီယာတွေ၊ ယဉ်ကျေးမှုတွေစသဖြင့်ပေါ့။ အဲဒါတွေကို ခင်ဗျားတို့ဆီက ကျွန်တော်တို့သင်ယူဖို့ မျှော်လင့်ပါတယ်။ တစ်ပြိုင်နက်တည်းမှာပဲ ကျွန်တော်တို့ရဲ့ အတွေ့အကြုံတွေကို ခင်ဗျားတို့ကိုမျှဝေပေးဖို့ ကျွန်တော်တို့ အဆင်သင့်ရှိနေပါတယ်။” ဟု Sputnik အေဂျင်စီ၏ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး ညွှန်ကြားရေးမှူးမစ္စတာ ဗာဆီလီပုရှ်ကော့ဗ် (Mr. Vasily Pushkov)က ပြောဆိုထားသည်။

ကေကေ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။