Trending Now

ထိုင်းဘုန်းကြီးကျောင်းတစ်ကျောင်းက မူးယစ်ဆေးဝါး သုံးစွဲနေတဲ့ သံဃာတွေအားလုံးကို လူဝတ်လဲပြီး ကျောင်းကနေနင်ထုတ်

Spread the love

ထိုင်းဘုန်းကြီးကျောင်းတစ်ကျောင်းက မူးယစ်ဆေးဝါး သုံးစွဲနေတဲ့ သံဃာတွေအားလုံးကို လူဝတ်လဲပြီး ကျောင်းကနေနင်ထုတ်

EPN
နိုင်ငံတကာ၊ ဒီဇင်ဘာ ၃

ထိုင်းနိုင်ငံ အလယ်ပိုင်းက ဘုန်းကြီးကျောင်းတစ်ကျောင်းက သံဃာတွေ အားလုံးဟာ မှုးယစ်ဆေးဝါးသုံးစွဲထားကြောင်း စစ်ဆေးတွေ့ရှိရတဲ့အတွက် သံဃာတွေအားလုံးကို လူဝတ်လဲကာ ကျောင်းကနေ နင်ထုတ်လိုက်တယ်လို့ အေအက်ဖ်ပီ သတင်းဌာနက ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့တနင်္လာနေ့က ဒေသခံရဲတပ်ဖွဲ့ဝင်တွေနဲ့ ကျန်းမာရေးအရာရှိတွေက ပတ်ချာဘန်းပြည်နယ်က ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းကို ဝင်ရောက်စစ်ဆေးခဲ့ရာမှာ ကျောင်းထိုင်ဆရာတော် အပါအဝင် သံဃာတော် လေးပါးဟာ မှုးယစ်ဆေးဝါးအသုံးပြုထားတာကို စစ်ဆေးတွေ့ရှိခဲ့တာပါ။

ထိုင်းနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု တိုက်ဖျက်ရေး အမျိုးသားအဆင့် ကမ်ပိန်းမှာ ထိုင်းနိုင်ငံအဏာပိုင်တွေက ဘုန်းတော်ကြီးကျောင်းတွေပါမကျန် ဝင်ရောက်စီးနင်း စစ်ဆေးခဲ့ကြတာဖြစ်ပါတယ်။

စစ်ဆေးမှုရလဒ်တွေအရ မူးယစ်ဆေးဝါး သုံးစွဲထားကြောင်း တွေ့ရှိရတဲ့ ကျောင်းထိုင်ဆရာတော် အပါအဝင် သံဃာ လေးပါးစလုံးကို လူဝတ်လဲပြီး ကျောင်းကနေ နင်ထုတ်လိုက်ပြီး မူးယစ်ဆေးဝါး ပြန်လည်ထူထောင်းရေးအတွက် ကျန်းမာရေးဌာနကို ပို့ဆောင်ပေးထားတယ်လို့ သိရပါတယ်။

ဘာသာရေးကိစ္စတွေအတွက် ရပ်ရွာလူထု အားကိုးအားထားပြုရတဲ့ ဘုန်းကြီးကျောင်းမှာ သံဃာတစ်ပါးမှ မရှိတော့တဲ့ဖြစ်ရပ်အပေါ် ဒေသခံတွေက စိုးရိမ်ပူပန်မှုတွေရှိနေတဲ့အတွက် အဏာပိုင်တွေက ပတ်ချာဘန်းပြည်နယ်အတွင်းက သံဃာ့နာယကကို အကူအညီတောင်းထားပါတယ်။

— ကိုးကား —
AFP
Ref; Bad abbot: Thai temple left empty after monks fail drug tests

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။