Trending Now

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး တရုတ်ကို သွားရောက်မယ်

Spread the love

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး တရုတ်ကို သွားရောက်မယ်

EPN
နိုင်ငံတကာ၊ ဇွန် ၁၆

နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန် ဟာ တရုတ်အကြီးတန်းအရာရှိတွေနဲ့ တွေ့ဆုံဖို့ အခုသီတင်းပတ်မှာ တရုတ်နိုင်ငံကို သွားရောက်မယ်လို့ အမေရိကန်အစိုးရက ဆိုပါတယ်။

ဒါဟာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးအနေနဲ့ ဘလင်ကန် ရဲ့ ပထမဦးဆုံး တရုတ်နိုင်ငံခရီးစဉ်ဖြစ်လာမှာဖြစ်ပြီး သူဟာ နှစ်ရက်ကြာခရီးစဉ်အတွက် သောကြာနေ့မှာ တရုတ်နိုင်ငံကို ဦးတည်ထွက်ခွာမှာဖြစ်ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက်တစ်ခုထဲမှာ နိုင်ငံခြားရေးဝန်ကြီးဟာ “နှစ်နိုင်ငံအရေး၊ ကမ္ဘာနဲ့ ဒေသဆိုင်ရာအရေးနဲ့ နှစ်ဖက်ရင်ဆိုင်နေရတဲ့ နိုင်ငံတကာစိန်ခေါ်မှုတွေအတွက် ဖြစ်နိုင်ခြေရှိတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို ဆွေးနွေးပြောဆိုမယ်လို့ ဆိုထားပါတယ်။

အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဒန်နီရယ် ခရစ်တင်ဘရင့်ခ် က ဘလင်ကန်ဟာ အမေရိက-တရုတ် ဆက်ဆံရေး၊ ထိုင်ဝမ်ရေလက်ကြားမှာ ငြိမ်းချမ်းတည်ငြိမ်ရေးနဲ့ ယူကရိန်းအပေါ် ရုရှားရဲ့ ကျူးကျော်မှုတွေနဲ့ ပတ်သက်ပြီး တရုတ်အရာရှိတွေနဲ့ အမြင်ချင်းဖလှယ်မယ်လို့ မျှော်လင့်ရကြောင်း ပြောပါတယ်။

ခရီးဟာ ပြိုင်ဆိုင်မှုကနေ ပဋိပက္ခအဖြစ် ပြောင်းလဲမလာစေဖို့ စီမံကွပ်ကဲရေးအတွက် လွတ်လပ်ပြီး လုပ်ပိုင်ခွင့်ရှိတဲ့ ဆက်သွယ်ရေးလမ်းကြောင်းတွေကို ထူထောင်ရေး ရည်ရွယ်ထားတာဖြစ်တယ်လို့ မစ္စတာ ခရစ်တင်ဘရင့်ခ် က ပြောပါတယ်။

Ref; NHK


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။