Trending Now

မုံရွာမြို့မှ ငွေကျပ်သိန်း ၁၇၀၀ ကျော် နှင့် ရွှေတုံးခိုးယူသွားသည့် အိမ်အကူအမျိုးသမီး ဖမ်းဆီးရမိ

Spread the love

မုံရွာမြို့မှ ငွေကျပ်သိန်း ၁၇၀၀ ကျော် နှင့် ရွှေတုံးခိုးယူသွားသည့် အိမ်အကူအမျိုးသမီး ဖမ်းဆီးရမိ

EPN
မုံရွာ၊ ဇွန် ၉

မုံရွာမြို့ လယ်တီလမ်းရှိ နေအိမ်တစ်အိမ်မှ ငွေကျပ်သိန်း ၁၇၀၀ ကျော် နှင့် ဝန့်စိန် တံဆိပ်ပါ ရွှေ ၁၀ သားကို ခိုးယူ ထွက်ပြေးသွားခဲ့သော အိမ်အကူအမျိုးသမီးအား ကျောက်ဆည်မြို့နယ်တွင် ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

“ဇွန်လ ၆ ရက်နေ့မှာ အိမ်အကူအမျိုးသမီးဖြစ်သူ မနွယ်နီသန်းက အိမ်ရှင် မြေးအဖွားနှစ်ယောက်တည်းရှိနေတဲ့အချိန် အဖွားဖြစ်သူကိုရေချိုးခန်းမှာ ပိတ်ထားပြီး ငွေကျပ် သိန်း ၁၇၅၀ နဲ့ ဝိန့်စိန်အခေါက်ရွှေ၁၀သားကို လုယူသွားခဲ့တာပါ” ဟု မုံရွာမြို့နယ် ရဲစခန်းတာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ တာဝန်ရှိသူများက စုံစမ်းဖော်ထုတ်ခဲ့ရာ နေအိမ်၌ အိမ်အကူလုပ်ကိုင်နေသူ နွယ်နီသန်း(ခ)မီးမီး ၃၆ နှစ်အား ၎င်းနေထိုင်ရာ ကျောက်ဆည်မြို့နယ်၊ ဆင်းနတ်တောင်ကျေးရွာတွင် သက်သေခံငွေများနှင့်အတူ ဇွန်လ ၇ ရက်နေ့ ည ၇ နာရီ ခန့်တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရွှေအိုး

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။