Trending Now

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်မှ တောင်တွင်းကြီးမြို့ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်ကြည့်ရှု

Spread the love

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်မှ တောင်တွင်းကြီးမြို့ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်ကြည့်ရှု

EPN
မကွေး၊ မတ် ၄ (၂၀၂၄)

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်မှ တောင်တွင်းကြီးမြို့ပြည်သူ့ဆေးရုံကြီးသို့ ယနေ့ (မတ်လ ၄ ရက်နေ့)၊ နံနက် ၉နာရီက သွားရောက်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများဖြစ်သည့် လူမှုရေးရာဝန်ကြီး ဦးမျိုးမြင့်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်သူဦးနှင့် တာဝန်ရှိသူများလိုက်ပါလျက် တောင်တွင်းကြီးမြို့ ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်ကြည့်ရှု အားပေးခဲ့ခြင်းဖြစ်သည်။

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့သည် မကွေးတိုင်း ပြည်သူ့ဆေးရုံကြီးမှဆေးရုံအုပ်ကြီး ဦးဆောင်သော အထူးကုဆရာဝန်ကြီးများ အခမဲ့ကွင်းဆင်းဆေးကုသပေးနေမှု အခြေအနေများအား သွားရောက်ကြည့်ရှု အားပေးခဲ့ကြောင်းသိရသည်။

ဇက်ကေ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။