Trending Now

အမျိုးသားညီညွှတ်ရေးအစိုးရ(NUG) နှင့် မလေးရှာနိုင်ငံခြားရေးဝန်ကြီး အလွတ်သဘောတွေ့ဆုံမည့်အပေါ် ကန့်ကွက်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်

Spread the love

အမျိုးသားညီညွှတ်ရေးအစိုးရ(NUG) နှင့် မလေးရှာနိုင်ငံခြားရေးဝန်ကြီး အလွတ်သဘောတွေ့ဆုံမည့်အပေါ် ကန့်ကွက်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်

EPN

မြစ်ကြီးနား ၊ မေ ၃

မေလ ၁ ရက်ထုတ် မလေးမေးလ် သတင်းစာတွင် “မလေးရှားနိုင်ငံခြားရေးဝန်ကြီးက အာဆီယံအား အကြမ်းဖက်အဖွဲ့အစည်းဖြစ်သည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် အလွတ်သဘော ထိတွေ့ဆက်ဆံရန် ဖော်ပြထားသည့်အပေါ် မြန်မာနိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြင်းထန်စွာ ကန့်ကွက်ကြောင်း ထုတ်ပြန်ထားသည်။

အဆိုပါထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံအကြမ်းဖက်မှုတိုက်ဖျက်ရေး ဗဟိုကော်မတီအနေဖြင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေအရ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF) နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများသည် အကြမ်းဖက်အုပ်စုများအဖြစ် ၂၀၂၁ ခုနှစ်၊ မေလ ၈ ရက်တွင် အမိန့်ကြော်ငြာစာအမှတ် ၂/၂၀၂၁ ဖြင့် တရားဝင် ထုတ်ပြန်ကြေညာခဲ့ကြောင်းကို နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် ပြောဆိုထားသည်။

မလေးရှားနိုင်ငံခြားရေးဝန်ကြီး၏ မဆင်မခြင်နှင့် တာဝန်မဲ့ အဆိုပြုပြောကြားချက်သည် မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုများကို အားပေးရာရောက်နိုင်သည့်အပြင် အကြမ်းဖက်မှုများ တိုက်ဖျက်ရေးအတွက် မြန်မာအစိုးရ၏ ကြိုးပမ်းဆောင်ရွက်ချက်များကို အဟန့်အတားဖြစ်စေပြီး နိုင်ငံတကာ အကြမ်းဖက်မှုတိုက်ဖျက်ရေး သဘောတူညီချက်များကို ချိုးဖောက်ရာရောက်စေ သည့်အတွက် နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် ပြင်းထန်စွာ ကန့်ကွက်ပယ်ချကြောင်း ဖော်ပြထားသည်။

ယင်းသို့ မလေးရှားနိုင်ငံအစိုးရတာဝန်ရှိသူများနှင့် လွှတ်တော်အမတ်များအနေဖြင့် အကြမ်းဖက်အဖွဲ့အစည်းများနှင့် ၎င်းတို့၏ ကိုယ်စားလှယ်များအား ထိတွေ့ဆက်ဆံခြင်းနှင့် အားပေးပံ့ပိုးခြင်းများ မပြုလုပ်ရန်လည်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သတိပေးကြောင်း ဖော်ပြထားသည်။


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။