Trending Now


Spread the love


EPN
ဟိုပင်
၊ မတ်-၁၂

ကချင်ပြည်နယ်၊ ဟိုပင်မြို့၊ တကွင်း-သဲဂုတ်လမ်းဆုံတွင်ယမန်​​နေ့ ညနေ(၅)နာရီအချိန်ခန့်က စိတ်ကြွဆေးပြား ကာလတန်ဖိုးကျပ်သိန်း(၃၀၀)ကျော်ဖမ်းဆီးရမိခဲ့ကြောင်း ဟိုပင်နယ်​​မြေရဲစခန်းမှ သိရသည်

မိုးညှင်းမူးယစ်တပ်စု(၃)မှ ရဲအုပ် မျိုးမင်းထွန်း ဦးစီးသောရဲတပ်ဖွဲ့ဝင်များ၊ ဟိုပင်နယ်​​မြေရဲစခန်းမှ နယ်ထိန်း ရဲတပ်ကြပ်ဒီးဒဂုန်တို့သည်သက်​​သေတို့နှင့်အတူ
မတ်(၁၁)ရက်​​နေ့၊ ညနေ(၅)နာရီအချိန်ခန်က မူးယစ်​​ဆေးဝါးသယ်​​ဆောင်လာကြောင်း သတင်းရရှိသဖြင့် မိုးညှင်းမြို့နယ်၊ ဟိုပင်မြို့၊ သဲဂုတ်​​ကျေးရွာနှင့် တကွင်ကျေးရွာလမ်းတွင်စောင့်ဆိုင်နေခဲ့ကြောင်း သိရသည်

ထိုသို့စောင့်ဆိုင်နေစဉ်သဲဂုတ်​​ကျေးရွာဘက်မှ တကွင်ကျေးရွာဘက်သို့ မင်းသက်နိုင်မောင်းနှင်လာသည့် LOUJIA-125 နက်​/နီကြား ဆိုင်ကယ်အား ရပ်တန့်စစ်​​ဆေးရှာဖွေရာ ၎င်းစီးနှင်လာသည့် ဆိုင်ကယ်​​ရှေ့ဂွကြားမှ မှိုင်းခံစက္ကူဖြင့်ပတ်လျှက်အပြာရောင်ကပ်ခွာအိတ်ဖြင့်ထည့်ထားသည့် တံဆိပ်မပါ ပန်ရောင်စိတ်ကြွဆေးပြား တစ်ထုတ်လျှင်(၂၀၀)စီထည့်ထားသည့်(၁၀)ထုပ်ပါ(၆)တောင့်၊ ဆေးပြားထုပ်(၆၀)ထုပ်၊ စုစုပေါင်ဆေးပြား(၁၂၀၀၀)ပြား၊ အလေးချိန်(၁.၂)ကီလိုဂရမ်ခန့်၊ မင်းသက်နိုင်အမည်ဖြင့် နိုင်ငံသားစိစစ်​​ရေးကဒ်ပြားတစ်ခု၊ ဆင်းကဒ်(၂)ခုပါ MIအမျိုးအစားရွှေအိုရောင်လက်ကိုင်ဖုန်းတစ်လုံးတို့ အားရှာဖွေတွေ့ရှိခဲ့​​ကြောင်း ရဲမှတ်တမ်းအရသိရသည်

ဆက်လက်ပြီး ပူးပေါင်းအဖွဲ့သည်မင်းသက်နိုင်​​နေထိုင်ရာ မိုးညှင်းမြို့နယ်၊ ဘီလူးကျေးရွာအုပ်စု၊ ကံသာကုန်ကျေးရွာ(ကသက-၂)နေအိမ်အား မူးယစ်​​ဆေးဝါးရှာဖွေခွင့် ဝရမ်းအမှတ်(၃၄/၂၀၁၈)ဖြင်ဝင်​​ရောက်ရှာဖွေခဲ့သော်လည်နေအိမ်၌ မူးယစ်​​ဆေးဝါးတစ်စုံတစ်ရာတွေ့ရှိခြင်း မရှိကြောင်း ရဲမှတ်တမ်းအရ သိရသည်

အဆိုပါစိတ်ကြွဆေးပြားလက်ဝယ်​​တွေ့ရှိသူ မင်းသက်နိုင်၊ အသက်(၂၆)နှစ်၊ (ဘ)ဦးဝင်းဦး၊ ကံသာကုန်ကျေးရွာ၊ ဘီလူးမြို့၊ မိုးညှင်းမြို့နယ်​​နေထိုင်သူကို ရဲအုပ်​​အောင်ပိုင်မှ တရားလိုပြုလုပ်တိုင်တန်းခဲ့သဖြင့် မယ(ပ)၁၆/၂၀၁၉ မူး/စိတ်ပုဒ်မ၁၉(က)ဖြင့် ဟိုပင်နယ်​​မြေရဲစခန်းက အမှုဖွင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်

ချစ်သား

—————————————————– ————— 
တကွင်းသဲဂုတ်လမ်းဆုံတွင် စိတ်ကြွဆေးပြားကာလတန်ဖိုးကျပ်သိန်း(၃၀၀)ကျော် ဖမ်းဆီးရမိ
EPN
ဟိုပင်၊ မတ်၁၂
ကချင်ပြည်နယ်၊ဟိုပင်မြို့၊ တကွင်းသဲဂုတ်လမ်းဆုံတွင် ယမန်နေ့ညနေ()နာရီအချိန်ခန့်ကစိတ်ကြွဆေးပြား ကာလတန်ဖိုးကျပ်သိန်း(၃၀၀)ကျော် ဖမ်းဆီးရမိခဲ့ကြောင်းဟိုပင်နယ်မြေရဲစခန်းမ သိရသည်။
မိုးညှင်းမူးယစ်တပ်စု() ရဲအုပ် မျိုးမင်းထွန်းဦးစီးသောရဲတပ်ဖွဲ့ဝင်များ၊ ဟိုပင်နယ်မြေရဲစခန်းမ နယ်ထိန်း ရဲတပ်ကြပ်ဒီးဒဂုန်တို့သည်သက်သေတို့နှင့်အတူ မတ်(၁၁)ရက်နေ့၊ ညနေ()နာရီအချိန်ခန့်က မူးယစ်ဆေးဝါးသယ်ဆောင်လာကြောင်း သတင်းရရှိသဖြင့် မိုးညှင်းမြို့နယ်၊ ဟိုပင်မြို့၊ သဲဂုတ်ကျေးရွာနှင့် တကွင်းကျေးရွာလမ်းတွင် စောင့်ဆိုင်းနေခဲ့ကြောင်း သိရသည်။
ထိုသို့စောင့်ဆိုင်းနေစဉ်သဲဂုတ်ကျေးရွာဘက်မ တကွင်းကျေးရွာဘက်သို့ မင်းသက်နိုင်မောင်းနှင်လာသည့် LOUJIA-125 နက်/နီကြား ဆိုင်ကယ်အားရပ်တန့်စစ်ဆေးရှာဖွေရာ ၎င်းစီးနှင်လာသည့် ဆိုင်ကယ်ရှေ့ဂွကြားမှ ှိုင်းခံစက္ကူဖြင့်ပတ်လျှက်အပြာရောင်ကပ်ခွာအိတ်ဖြင့်ထည့်ထားသည့်တံဆိပ်မပါ ပန်းရောင်စိတ်ကြွဆေးပြား တစ်ထုတ်လျှင်(၂၀၀)စီထည့်ထားသည့်(၁၀)ထုပ်ပါ()တောင့်၊ဆေးပြားထုပ်(၆၀)ထုပ်၊စုစုပေါင်းဆေးပြား(၁၂၀၀၀)ပြား၊ အလေးချိန်(.)ကီလိုဂရမ်ခန့်၊ မင်းသက်နိုင်အမည်ဖြင့် နိုင်ငံသားစိစစ်ရေးကဒ်ပြားတစ်ခု၊ ဆင်းကဒ်()ခုပါMIအမျိုးအစားရွှေအိုရောင်လက်ကိုင်ဖုန်းတစ်လုံးတို့အားရှာဖွေတွေ့ရှိခဲ့ကြောင်းရဲမှတ်တမ်းအရသိရသည်။
ဆက်လက်ပြီးပူးပေါင်းအဖွဲ့သည် မင်းသက်နိုင်နေထိုင်ရာ မိုးညှင်းမြို့နယ်၊ ဘီလူးကျေးရွာအုပ်စု၊ကံသာကုန်းကျေးရွာ(ကသက)နေအိမ်အားမူးယစ်ဆေးဝါးရှာဖွေခွင့် ဝရမ်းအမှတ်(၃၄/၂၀၁၈)ဖြင့် ဝင်ရောက်ရှာဖွေခဲ့သော်လည်း နေအိမ်၌ မူးယစ်ဆေးဝါးတစ်စုံတစ်ရာတွေ့ရှိခြင်း မရှိကြောင်း ရဲမှတ်တမ်းအရသိရသည်။
အဆိုပါစိတ်ကြွဆေးပြားလက်ဝယ်တွေ့ရှိသူ မင်းသက်နိုင်၊ အသက်(၂၆)ှစ်၊ ()ဦးဝင်းဦး၊ကံသာကုန်းကျေးရွာ၊ ဘီလူးမြို့၊ မိုးညှင်းမြို့နယ်နေထိုင်သူကို ရဲအုပ်အောင်ပိုင်မ တရားလိုပြုလုပ်တိုင်တန်းခဲ့သဖြင့် မယ()၁၆/၂၀၁၉မူး/စိတ်ပုဒ်မ၁၉(က)ဖြင့် ဟိုပင်နယ်မြေရဲစခန်းက အမှုဖွင့်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ချစ်သား

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။