Trending Now

ကရင်ပြည်နယ် ဘားအံမြို့တွင် အမျိုးသား နှစ်ဦး ထံမှ မူးယစ်ဆေးဝါးများနှင့်အတူ ပစ္စတိုသေနတ် ၁ လက် နှင့် ခဲယမ်းများအား ဖမ်းဆီးရမိ

Spread the love

ကရင်ပြည်နယ် ဘားအံမြို့တွင် အမျိုးသား နှစ်ဦး ထံမှ မူးယစ်ဆေးဝါးများနှင့်အတူ ပစ္စတိုသေနတ် ၁ လက် နှင့် ခဲယမ်းများအား ဖမ်းဆီးရမိ

EPN
မြစ်ကြီးနား ၊ ဇွန် ၁၆

ကရင်ပြည်နယ် ၊ ဘားအံမြို့တွင် ဇွန် ၁၅ ရက်နေ့ ညနေပိုင်းက အမျိူးသားနှစ်ဦးထံမှ ပစ္စတိုသေနတ် ၁ လက် ၊ ခဲယမ်းများ နှင့်အတူ ကာလပေါက်ဈေး ငွေကျပ် ၄၁ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများအား သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့များမှ ယနေ့ ထုတ်ပြန်ထားသည်။

ဇွန်လ ၁၅ ရက်နေ့ ညနေ ၆ နာရီအချိန်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များသည် သတင်းအရ သက်သေများနှင့်အတူ ဘားအံမြို့နယ်၊ ကော့ခမိတ်ကျေးရွာအနီးတွင် ကျော်ဇင် မောင်းနှင်ပြီး သူရိန် လိုက်ပါလာသော မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ကျော်ဇင် လွယ်ထားသည့် ဘေးလွယ်အိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၅၇၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၄၇.၁ သိန်း)၊ပစ္စတိုသေနတ် ၁ လက်၊ ကျည် ၃၀ တောင့်၊ ကျည်အိမ် ၂ ခု တို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

၎င်းဖမ်းဆီးရမိသူ ကျော်ဇင်(၂၇)နှစ် နှင့် သူရိန်(၂၂)နှစ်တို့အား ထုံးအိုင်နယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

လှဆောင်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။