Trending Now

မော်ဟန်- နမ္မချီကျောက်စိမ်းမှော်သွား လမ်းပေါ်၌ မူးယစ်ဆေးဝါးများဖမ်းမိ

Spread the love

မော်ဟန်- နမ္မချီကျောက်စိမ်းမှော်သွား လမ်းပေါ်၌ မူးယစ်ဆေးဝါးများဖမ်းမိ

EPN
မိုးညှင်း၊ မေ ၂၅

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် မော်ဟန်ဒေသ မော်ဟန်-နမ္မချီသွား လမ်းပေါ်တွင် ယမန်နေ့ ညပိုင်းက နမ္မချီကျောက်စိမ်းမှော်ဘက်မှ ပြန်လာသူ တစ်ဦးထံ မှ မူးယစ်ဆေးဝါးများဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

မော်ဟန် ရဲကင်းစခန်းမှူး ရဲအုပ်စိုးလွင်နှင့် တပ်ဖွဲ့ဝင် များသည် မူးယစ်ဆေးဝါးသတင်းအရ မေလ(၂၃)ရက်၊ ည(၈)နာရီအချိန်ခန့်တွင် သက်သေများနှင့်အတူ မော်ဟန်ကျေးရွာနှင့် နမ္မချီကျောက်စိမ်းမှော်သွားလမ်း ငါးကန်ဟောင်းအနီး စောင့်ဆိုင်းနေစဉ် နမ္မချီကျောက်စိမ်းမှော်ဘက်မှ မော်ဟန်ကျေးရွာဘက်သို့ လူတစ်ဦး မောင်းနှင်လာသည့် KENBO125 နီ/နက်ရောင် ဆိုင်ကယ်အား တားဆီးရှာဖွေခဲ့ရာ အဆိုပါ ဆိုင်ကယ်မောင်းနှင်သူမှာ ဆန်းထွန်းဦး(ခ) သားငယ်ဆိုသူ ဖြစ်ပြီး လွယ်အိတ်အတွင်းမှ 88/1 စာတန်းပါ ပန်းရောင်စိတ်ကြွ ရူးသွပ်ဆေးပြား (၂၀၀)ပြားပါ (၄)ထုပ်၊ စုစုပေါင်းဆေးပြား (၈၀၀)ပြားနှင့် GRAND ROYAL စာတန်းပါ အဖြူရောင် ကော်ဗူးအတွင်းထည့်လျက် ဘိန်းဖြူ(၄)ဂရမ်ပါ(၃)ဗူး၊ စုစုပေါင်း ဘိန်းဖြူအလေးချိန်(၁၂)ဂရမ်တို့အား ရှာဖွေတွေ့ရှိခဲ့သဖြင့် ရဲအုပ်စိုးလွင်မှ သက်သေများရှေ့တွင် သက်သေခံပစ္စည်းများအား ဥပဒေနှင့် အညီ သိမ်းဆည်းခဲ့ကြသည်။

လက်ရှိတွင် ဆန်းထွန်းဦး(ခ)သားငယ်(၂၆)နှစ်(ဘ)ဦးမောင်ညွန့် ဆင်ဘိုကုန်းကျေးရွာ ဟဲလုံကျေးရွာအုပ်စု မိုးညှင်းမြို့နေထိုင်သူအား မိုးညှင်းမြို့မရဲစခန်းက မယ(ပ)၂၀/၂၀၂၀ ပုဒ်မ ၁၉(က) ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။

မင်္ဂလာဦး


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။