Trending Now

အမှတ် (၃၀) ရဲတပ်ရင်းမှ ရဲတပ်သားသစ်ဝင်ရောက္မည့် အမျိုးသားမှ သေနတ်များယူပြေး၍ လိုက်လံဖမ်းဆီးရာ ပစ်ခတ်မှုဖြစ်ပွား

Spread the love

အမှတ် (၃၀) ရဲတပ်ရင်းမှ ရဲတပ်သားသစ်ဝင်ရောက္မည့် အမျိုးသားမှ သေနတ်များယူပြေး၍ လိုက်လံဖမ်းဆီးရာ ပစ်ခတ်မှုဖြစ်ပွား

EPN
မြစ်ကြီးနား၊ ဩဂုတ် ၂၁

ကချင်ပြည်နယ်၊ လယ်ကုန်းရပ်ကွက် အမှတ် (၃၀) ရဲတပ်ရင်းတွင် ရဲတပ်သားသစ်ဝင်ရန် အမည်ပေးထားသည့် အမျိုးသားမှ သေနတ်နှင့် ကျည်ဆံများ ယူဆောင်ထွက်ပြေးစဉ် အပြန်အလှန် ပစ်ခတ်မှု ယမန်နေ့ ညနေ ၃နာရီ အချိန်ခန့်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖားကန့်မြို့နယ်နေသူ အသက် (၂၀) ဝန်းကျင် အမျိုးသားသည် ယမန်နေ့ညနေပိုင်းအချိန်တွင် အမှတ် (၃၀) ရဲတပ်ရင်းမှ သေနတ်နှင့် ကျည်ဆံများ ခိုးယူထွက်ပြေးချိန် တာဝန်ကျ ရဲတပ်ဖွဲ့မှ ၎င်းအား လိုက်လံဖမ်ဆီးခြင်း ဖြစ်ပွားခဲ့ကြောင်း ရပ်ကွက်နေပြည်သူ‌များ ပြောကြားချက်အရ သိရသည်။

” ရဲတပ်သားသစ်ဝင်ဖို့ ရောက်နေတဲ့ ကောင်လေးက လူလစ်တုန်းမှာ သေနတ်နဲ့ ကျည်ဆံတွေ ခိုးယူထွက်ပြေးတာ။ အနောက်ကနေ လိုက်လံပစ်ခတ် ဖမ်းဆီးလို့ အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တယ်။ ရဲတွေရော စစ်တပ်တွေရော လိုက်လံရှာဖွေကြတာ ရပ်ကွက်ထဲ အတော်လေး ရှုပ်သွားတယ် ” ဟု ၎င်းကရှင်းပြသည်။

အဆိုပါ ရဲတပ်သားသစ်ဝင်ရောက်ရန် ရောက်ရှိနေသည့် အမျိုးသားအား ယမန်နေ့ ညတွင်းချင်း လိုက်လံရှာဖွေ စစ်ဆေးမှုများ ပြုလုပ်ရာ ဩဂုတ်လ ၂၁ ရက်နေ့ မနက် ၆နာရီ ဝန်းကျင်တွင် သေနတ်နှင့် ကျည်ဆံများ ခိုးယူထွက်ပြေးသည့် ရဲတပ်သားသစ်အား ပြန်လည်ဖမ်းဆီးနိုင်ခဲ့ကြောင်း မြေပြင်သတင်းအရင်းမြစ်မှ သိရသည်။

ပြန်လည်ဖမ်းဆီးရမိသည့် ရဲတပ်သား သစ်အား သက်ဆိုင်ရာ တာဝန်ရှိသူများက စစ်ဆေးမေးမြန်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ယင်းဖြစ်စဉ်သည် အမှတ် (၃၀) ရဲတပ်ရင်း၌ ပထမဆုံးအကြိမ် ဖြစ်ပွားမှုတစ်ခုဖြစ်ခဲ့ကြောင်း သိရပြီး၊ အဆိုပါ ရဲတပ်ရင်းအား ပြီးခဲ့သည့် နှစ်ပိုင်းအတွင်းက PDFအဖွဲ့မှ လက်ပစ်ဗုံးဖြင့် ပစ်ခတ်ခြင်း သေနတ်ဖြင့် လာရောက် ပစ်ခတ်ခြင်းများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ပိုင်ကြီး

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။