Trending Now

မန္တလေးမှာ လူသတ်ပြီး ကားလုယူခံရ

Spread the love

မန္တလေးမှာ လူသတ်ပြီး ကားလုယူခံရ

EPN
မန္တလေး ၊ ဇူလိုင် ၂၇

မန္တလေးတိုင်း ၊ ပြည်ကြီးတံခွန်မြို့နယ် ၊ စွယ်တော် စက်မှုဇုန်ဘက်မှာ မနေ့ ဇူလိုင် ၂၆ ရက်က လူသတ်ပြီး ကားလုခံရတဲ့ လူသတ် လုယက်ဖြစ်စဥ် တခု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။

” မနေ့က မနက်ပိုင်းက အသက် ၃၀ ဝန်းကျင် အမျိုးသားရုပ်အလောင်း ၁ လောင်းတွေ့ရတယ် ၊ အသတ်ခံထားရတဲ့ ရုပ်အလောင်းဖြစ်တယ် ၊ အဲ့ဒါကြောင့် အလောင်းပိုင်ရှင် စုံစမ်းရာကနေ သူ့ဟာ အသတ်ခံရပြီး ကားလုယူခံရသူ ဖြစ်နေတယ်ဆိုတာ သိရတယ် ” လို့ ကူညီဆောင် ရွက်ပေးခဲ့တဲ့ ဒေသခံ ပရဟိတသမားတယောက်က ပြောပါတယ်။

ဒါ့အပြင် သေဆုံးသူဟာ မန္တလေးတိုင်း အမရပူမြို့နယ် ၊ မြစ်လောင်းကျေးရွာမှာနေထိုင်တဲ့ အသက် ၃၀ အရွယ် အမျိုးသား ၁ ဦးဖြစ်ပြီး မနေ့က မနက်ပိုင်း ၉ နာရီဝန်းကျင်မှာ မြစ်လောင်းရွာကနေ ပြည်ကြီးတံခွန် စွယ်တော် စက်မှုဇုန်ကို Suzuki Swift 3R- 5819 အဖြူရောင် ကားနဲ့ ပစ္စည်းသွားပို့ရာက လူသတ်ပြီး ကားလုယူခံလိုက်ရတာ ဖြစ်တယ်လို့ သိရပါတယ်။

” ရုပ်အလောင်း ၁ လောင်း တွေ့ထားရတယ် ၊ သိသူတွေ အမြန်ဆုံးဆက်သွယ်ပေးကြဖို့ လူမှုကွန်ရက်ပေါ်မှာ တင်ပြလိုက်တဲ့အခါ ၊ သေဆုံးသူရဲ့ အစ်မဖြစ်သူက နာရီပိုင်းအတွင်း ပြန်ဆက်သွယ်လာတယ် ၊ အဲ့ဒီကြမှ လူသတ်ပြီး ကားလုယူခံရတယ်ဆိုတာ သိရတာ ” လို့ ဒေသခံ ပရဟိတသမားတယောက်က ပြောပါတယ်။

ဒါ့အပြင် အဲ့ဒီ လူသတ်ပြီး ကားလုယူခံရတာနဲ့ ပတ်သက်ပြီး မန္တလေးတိုင် ရဲတပ်ဖွဲ့က အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။

သွန်းသွန်း
ဓာတ်ပုံ ၊ မန္တလေး ဒေသခံ ပရဟိတသမား တစ်ဦး

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။