Trending Now

ဧရာဝတီတိုင်းတွင် ဆိုင်းငံ့ထားသော စိုက်ပျိုးစရိတ်ချေးငွေ အကြွေးကျန်များ ပြန်လည်တောင်းခံနေခြင်းကြောင့် တောင်သူများ အခက်အခဲ ဖြစ်ပေါ်နေ

Spread the love

ဧရာဝတီတိုင်းတွင် ဆိုင်းငံ့ထားသော စိုက်ပျိုးစရိတ်ချေးငွေ အကြွေးကျန်များ ပြန်လည်တောင်းခံနေခြင်းကြောင့် တောင်သူများ အခက်အခဲ ဖြစ်ပေါ်နေ

EPN
ဧရာဝတီ၊ သြဂုတ် ၁၈

ဧရာဝတီတိုင်းတွင် တောင်သူများပြန်ဆပ်ရန် ကျန်သည့် စိုက်ပျိုးစရိတ်ချေးငွေ အကြွေးဟောင်းများကို ပြန်လည် တောင်းခံနေသဖြင့် ဒေသခံ တောင်သူများ အခက်အခဲဖြစ်ပေါ်နေကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။

ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် ဝန်းကျင်က တောင်သူများကို မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ ထုတ်ချေးထားသည့် စိုက်ပျိုးစရိတ်ချေး ငွေကြွေးကျန်များကို သြဂုတ်လကုန် နောက်ဆုံးထား၊ ပြန်လည်ပေးဆပ်ရန် ဒေသခံတောင်သူများ ထံသက်ဆိုင်ရာမှ နို့တစ်စာပို့ တောင်းခံနေခြင်း ဖြစ်ကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။

”ပေးဆပ်ဖို့ ပျက်ကွက်ရင် ဘဏ်ဥပဒေနဲ့ အညီအရေးယူ ဆောင်ရွက်သွားမယ်တဲ့။ အုပ်ချုပ်ရေးမှူးတွေကနေ တစ်ဆင့် ပို့တဲ့စာထဲမှာ ပါတယ်။အခုပြန်တောင်းတဲ့ ချေးငွေ အကြွေးကျန်တွေက အရင်က အခက်အခဲအမျိုးမျိုး ရှိခဲ့လို့ ဆိုင်းထားပေးတဲ့အကြွေးကျန်တွေပါ။ အခုကျွန်မတို့ တောင်သူတွေက အခုနှစ်မိုးစပါး စိုက်ပျိုးရိတ်တောင် မရှိဘူး။အကြွေးကျန်ကိုပြန်ပြီး အားခြင်းပြန်ဆပ်ဖို့ ပြောလာတော့ ဒုက္ခအပေါ်ဒုက္ခဆင့်ပေးသလို ဖြစ်နေပါတယ်။ အခုနှစ် နွေစပါးစိုက်ပျိုး ချိန်မှာ စပါးအထွက်တွေ အရမ်းကျဆင်းခဲ့တာ။ အရင်းသာသာ လောက်လေး ရခဲ့တယ်။”ဟု ဒေသခံ တောင်သူ တစ်ဦးက ပြောသည်။

ဧရာဝတီတိုင်းမှ တောင်သူများသည် အခုနှစ်ပြီးခဲ့သည့် စပါးများစတင်စိုက်ပျိုးချိန်က ဓါတ်မြေဩဇာဈေးတက်ခဲ့ခြင်း၊ စက်သုံးဆီဒီဇယ်နှင့် ဓါတ်ဆီဈေးတက်ခဲ့ခြင်း၊ စပါး အပင် ဖျက်ဆီးသည့် ရွှေခရုများကျရောက်ခဲ့ခြင်း စသည့် အခက် အခဲအကျပ်တည်းများ ရင်ဆိုင်ခဲ့ရကာ စပါးများ သိသိသာသာ အထွက်နှုန်းကျဆင်းခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ ဧရာဝတီတိုင်းသည် စိုက်ပျိုးရေးနှင့် ရေလုပ် ငန်းကို အဓိက လုပ်ကိုင်သည့် တိုင်းတစ်ခုဖြစ်ပြီး စပါး စိုက်ပျိုးရေး လုပ်ငန်းကို အဓိက အများဆုံးလုပ်ကိုင် ကြောင်း၊ နှစ်စဉ် မိုးစပါးဧက ၃ ဒသမ ၇ သန်း ကျော်နှင့် ဧက နွေစပါး ၁ ဒသမ ၄ သန်းကျော်ကို နှစ်စဉ်စိုက်ပျိုး ထုတ်လုပ်လျက်ရှိကြောင်း သတင်း မှတ်တမ်းများ အရ သိရသည်။

အလင်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။