Trending Now

လျှပ်စစ်မိန်းခုံ အပူလွန်ကဲမှုကြောင့် လက်ဖက်ရည်ဆိုင်တစ်ဆိုင်နှင့် လူနေအိမ်တစ်လုံး မီးလောင်ကျွမ်းခဲ့

Spread the love

လျှပ်စစ်မိန်းခုံ အပူလွန်ကဲမှုကြောင့် လက်ဖက်ရည်ဆိုင်တစ်ဆိုင်နှင့် လူနေအိမ်တစ်လုံး မီးလောင်ကျွမ်းခဲ့

EPN
မြစ်ကြီးနား၊ မတ် ၂၃

လျှပ်စစ်မိန်းခုံအပူလွန်ကဲမှုကြောင့် မီးစတင်လောင်ကျွမ်းရာမှ လက်ဖက်ရည်ဆိုင်တစ်လုံးနှင့် လူနေအိမ်တစ်လုံး မီးလောင်ကျွမ်းခဲ့သည့် ဖြစ်စဉ်တစ်ခု ယနေ့(မတ် ၂၃)ရက်နေ့ နံနက် ၂ နာရီခန့် အချိန်က ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ အောင်နန်းရိပ်သာရပ်ကွက် နယ်မြေ (၁၃)ရှိ ဦးရဲနိုင်ဝင်း ပိုင်ဆိုင်သည့် လက်ဖက်ရည်ဆိုင်တွင် မီးပျက်၍ မီးပြန်လာစဉ် မီးအားဆောင့်တက်ပြီး လျှပ်စစ်မီးပလပ်ခုံ အပူလွန်ကဲရာမှ မီးစတင် လောင်ကျွမ်းခဲ့ပြီးယင်းမီးလောင်မှုကြောင့် သွပ်မိုး၊ ထရံကာ၊ မြေစိုက် လက်ဖက်ရည်ဆိုင်တစ်လုံးနှင့် သွပ်မိုး၊ အုတ်ညှပ် တစ်ထပ်လူနေအိမ်တစ်လုံး၏ မျက်နှာကျက်နှင့် နံရံအနည်းငယ် မီးလောင်ကျွမ်းခဲ့ကြောင်း ကချင်ပြည်နယ် မီးသတ်ဦးစီးဌာနမှူးရုံးမှ သိရသည်။

အဆိုပါမီးလောင်ကျွမ်းသည့် နေရာသို့ လက်ထောက်ညွန်ကြားရေးမှူး ဦးစိုးထွန်းဦး ဆောင်၍ မီးသတ်တပ်ဖွဲ့ဝင် (၄၅)ဦး မီးသတ်ယာဉ် (၆)စီး တို့ဖြင့် သွားရောက်မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း ပြည်နယ်မီးသတ်ဦးစီးမှူးရုံးမှ သိရသည်။

မီးလောင်မှုနှင့် ပတ်သက်၍ မြစ်ကြီးနားမြို့နယ် အမှတ်(၂)ရဲစခန်းမှ ပုဒ်မ-၂၈၅အရ အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လွမ်းအောင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။