Trending Now

အိန္ဒိယနိုင်ငံ မုတ်သုံရာသီ ရေကြီးမှုကြောင့် သေဆုံးသူဦးရေ ၂၉ ဦးအထိရှိလာ

Spread the love

အိန္ဒိယနိုင်ငံ မုတ်သုံရာသီ ရေကြီးမှုကြောင့် သေဆုံးသူဦးရေ ၂၉ ဦးအထိရှိလာ

EPN
နိုင်ငံတကာ၊ ဇူလိုင် ၁၀

အိန္ဒိယနိုင်ငံ မြောက်ပိုင်းမှာ မုတ်သုံမိုး အဆက်မပြတ်ရွာသွန်းမှုကြောင့် လူ ၂၉ ဦးထက်မနည်း သေဆုံးခဲ့ပြီး တံတားတွေကျိုးကျကာ လမ်းတွေပိတ်ဆို့သွားခဲ့ကြောင်း တာဝန်ရှိသူတွေက ဇူလိုင်လ ၁၀ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဟီမာချယ်ပရာဒက်ရှ် ပြည်နယ်မှာ ရေကြီးရေလျှံမှုတွေဖြစ်ပေါ်ခဲ့ပြီး မြေပြိုကျခြင်း၊ အဆောက်အအုံတွေ ပြိုကျခြင်းနဲ့ တံတားတွေ ပျက်စီးကာ အဆိုးရွားဆုံး ထိခိုက်ခံစားခဲ့ရတယ်လို့ ဆိုပါတယ်။

“ပြီးခဲ့တဲ့နှစ်ရက်အတွင်း မုတ်သုံမိုးရွာသွန်းမှုကြောင့် သေဆုံးသူဦးရေဟာ ဟီမာချယ်ပရာဒက်ရှ်မှာ ၂၀ ဦးအထိ တိုးလာခဲ့ပါတယ်” လို့ ပြည်နယ် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ အကြီးတန်းအရာရှိ အုံကာရှန်မာ က ပြောကြားခဲ့ပါတယ်။

ရာဂျစသန်၊ အူတာပါဒေ့ရှ် နဲ့ ဟိမဝန္တာဒေသ နဲ့ ကဒ်ရှ်မီးရာဒေသတွေမှာ နောက်ထပ် သေဆုံးသူ ၉ ဦးရှိကြောင်း သိရပြီး သေဆုံးသူ အရေအတွက် ၁၅ ဦးကနေ ၂၉ ဦးအထိ ရှိလာခဲ့တယ်လို့ သိရပါတယ်။

ဟီမာချယ်ပရာဒက်ရှ် ဝန်ကြီးချုပ် ဆူခွင်ဒါ ဆင် က သေဆုံးသူတွေအတွက် “အလေးအနက်ဝမ်းနည်းခြင်း” ကိုထုတ်ဖော်ပြောကြားခဲ့ပြီး အစိုးရက အခြေအနေတွေကို ကိုင်တွယ်ဖြေရှင်းဖို့ အစွမ်းကုန်ကြိုးပမ်းနေကြောင်း ပြောကြားခဲ့ပါတယ်။

နယူးဒေလီမြို့တော်မှာလည်း နှစ်ပေါင်း ၄၀ အတွင်း စံချိန်တင်မိုးရွာသွန်းခဲ့ပြီးနောက် တနင်္လာနေ့က စာသင်ကျောင်းတွေ ပိတ်ထားခဲ့ရသလို ယမုံနာမြစ်ရေ အန္တရာယ်အဆင့်နဲ့ နီးကပ်စွာ စီးဆင်းနေတဲ့အတွက် သတိပေးချက် ထုတ်ပြန်ထားရပါတယ်။

ref; cna

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။