Trending Now

ရှင်ဗွေယန်သွားလမ်းတွင် ဟန်းဂေါပိုက်လုံးတန်းများကို တူးဖော်ခိုးယူမှုကြောင့် လမ်းများပျက်စီးနေ

Spread the love

ရှင်ဗွေယန်သွားလမ်းတွင် ဟန်းဂေါပိုက်လုံးတန်းများကို တူးဖော်ခိုးယူမှုကြောင့် လမ်းများပျက်စီးနေ

EPN
မြစ်ကြီးနား၊ ဇွန် ၂၈

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ ရှင်ဗွေယန်မြို့သွားလမ်းတွင် ဟန်းဂေါပိုက်လုံးတန်းများကို တူးဖော်ခိုးယူမှုကြောင့် လမ်းများပျက်စီးနေကြောင်း ဒေသခံများထံမှ သိရသည်။

ရင်ဗွေယန်မြို့သွား လမ်းမကြီးဖြစ်သော ခလုံးကျေးရွာနှင့် တခက်ကျေးရွာကြား ခတန်တံတားအကျော်နားရှိ ဟန်းဂေါပိုက်လုံးတန်းများကို တူးဖော်ခိုးယူမှုကြောင့် လမ်းများပျက်စီးနေကြောင်းဒေသခံတစ်ဦးက ပြောသည်။

“ ဘယ်သူတွေက လုပ်သွားလဲဆိုတာတော့ မသိရပေမယ့် သေချာတာကတော့ ဖိုးသမားတွေ၊ ဆေးသမားတွေပဲ ဖြစ်မှာ။ လူစိတ်ရှိတဲ့သူတွေက အများသုံးနေတဲ့လမ်းကို ဖျက်ဆီးမှာမဟုတ်ဘူး။ အခုကသူတို့ ရစရာခိုးစရာ မရှိတော့လို့ ဒီလိုတွေလုပ်ပြီး ရောင်းစားကြတာ ဖြစ်နိုင်တယ်။ တစ်ချို့မသမာသူတွေလည်းလုပ်နိုင်တာပဲ။ အခုအဲ့လို တူးသွားကြတော့ မိုးကရွာတာနဲ့ လမ်းတွေကတိုက်စားပြီး တဖြည်းဖြည်းပြိုလာပြီ။ ပြန်မပြင်ရင်တော့ အကုန်ပြိုသွားနိုင်တယ် ” ဟု ၎င်းကဆိုသည်။

လက်ရှိတွင် အဆိုပါ ပိုက်လုံးများကို တူးဖော်ခိုးယူသွားသည့်အတွက် လမ်းတစ်ခြမ်းဖြင့်သာ ယာဉ်များသွားလာနေရပြီး တန်ချိန်များသည့် ယာဉ်ကြီးများသွားလာရန် စိုးရိမ်ရကြောင်း သိရသည်။

ရှင်ဗွေယန်မြို့နယ်ရှိ ဒေသခံပြည်သူများမှာ လယ်ယာစိုက်ပျိုးခြင်းလုပ်ငန်းကိုအဓိကလုပ်ကိုင်နေကြသည့် မြို့နယ်တစ်ခုဖြစ်ပြီး ၂၀၁၄ သန်းခေါင်စာရင်းအရ လူဦးရေ (၁၁၄၅၃) ဦး နေထိုင်ကြောင်း သိရသည်။

သံလွင်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။