Trending Now

လုံးခင်းကျေးရွာ ရပ်ကျေးအုပ်ချုပ်ရေးမှူး သေနတ်ဒဏ်ရာဖြင့် သေဆုံး

Spread the love

လုံးခင်းကျေးရွာ ရပ်ကျေးအုပ်ချုပ်ရေးမှူး သေနတ်ဒဏ်ရာဖြင့် သေဆုံး

EPN
မြစ်ကြီးနား၊ ဇွန် ၉

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာ ရပ်ကျေးတာဝန်ခံ အုပ်ချုပ်ရေးမှူးအား အမည်မသိ လက်နက်ကိုင် အမျိုးသား နှစ်ဦးမှ သေနတ်ဖြင့် ပစ်သတ်ခဲ့‌ေသာကြောင့် သေဆုံးသွားကြောင်း သိရသည်။

ဖားကန့်မြို့နယ်၊ လုံးခင်း‌ေကျးရွာတွင် နေထိုင်သည့် ရပ်ကျေးတာဝန်ခံ ဦးကျော်ဆွေအား သေနတ်သမား နှစ်ဦးမှ နေအိမ်သို့လာရောက်ပြီး ၎င်းတို့နှင့် လိုက်ပါသွားရာ နေ့လည် ၂ နာရီ အချိန်ခန့်တွင် သေနတ်ဒဏ်ရာဖြင့် သေဆုံးနေကြောင်း ဒေသခံတစ်ဦးက ‌ေ‌ပြာသည်။

” လုံးခင်းရပ်ကွက်မှာ အခုလက်ရှိ ရပ်ကျေးတာဝန်ယူနေတဲ့ ဦးကျော်ဆွေ နေအိမ်ကို နေ့လည် ၁နာရီခွဲအချိန်က အမျိုးသားနှစ်ဦး ရောက်လာတယ်။ ဦးကျော်ဆွေနဲ့ စကားပြောစရာ ရှိလိုဆိုပြီး ခေါ်သွားတယ်။ နေ့လည် ၂နာရီ ထိုးခါနီး အချိန်မှာ ဦးကျော်ဆွေက လုံးခင်း သုသာန်မှာ နားထင် သေနတ်ကျည် ပေါက်ထွက် ဒဏ်ရာနဲ့ သေဆုံးနေတာ ဟုတ်တယ် ” ဟု သေဆုံးသူ မိသားစုဝင်များ ပြောပြချက်အရ သိရကြောင်း ၎င်းကပြောသည်။

အဆိုပါ သေနတ်ဒဏ်ရာဖြင့် သေဆုံးသူ ဦးကျော်ဆွေအား မည့်သည့် အဖွဲ့အစည်းက လာရောက်ခေါ်ဆောင်ကာ သေနတ်ဖြင့် ပစ်သတ်သွားသည်ကို မသိရသေးကြောင်း သိရသည်။

ယင်း သေနတ်ဒဏ်ရာဖြင့် သေဆုံးသူ ဦးကျော်ဆွေအား သင်္ခါရ လူမှုကူညီရေးအသင်းမှ ဖားကန့်မြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ဖားကန့်မြို့နယ်တွင် ယခုလပိုင်းအတွင်းဓါးြပတိုက္မှု၊ လုယက္မှု၊ လုပ်ကြံသတ်ဖြတ်မှု များအပြင် အစိုးရဝန်ထမ်းတချို့ လုပ်ကြံသတ်ဖြတ်ခံရသည့် ဖြစ်စဉ်များ မကြာခဏ ဖြစ်ပွားလေ့ ရှိကြောင်း သိရသည်။

မြတ်မင်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။