Trending Now
Spread the love

တရုတ်ကာကွယ်ရေးဝန်ကြီး ရုရှားရေတပ်ဦးစီးချုပ်နဲ့ တွေ့ဆုံ

EPN
နိုင်ငံတကာ၊ ဇူလိုင် ၄

တရုတ်နိုင်ငံက ရုရှားရေတပ်နဲ့ “အဆင့်တိုင်းမှာ ဆက်သွယ်ရေး အားကောင်းလာဖို့ ” မျှော်လင့်ကြောင်း တရုတ်ကာကွယ်ရေးဝန်ကြီး လီရှန်းဖု က ပေကျင်းမှာ ရုရှားရေတပ်ဦးစီးချုပ် ဗိုလ်ကြီး နီကိုလိုင် ယိဗ်မန်နော့ခ် နဲ့ တွေ့ဆုံပြီးနောက် တနင်္လာနေ့က ပြောကြားခဲ့ပါတယ်။

နှစ်နိုင်ငံ ပူးတွဲစစ်ရေးလေ့ကျင့်မှု၊ ရေကြောင်း ပူးတွဲစစ်ရေးစွမ်းရည်ပြိုင်ပွဲတွေကို ပုံမှန်ကျင်းပသင့်ပြီး လက်တွေ့ကျတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို တိုးချဲ့သင့်တယ်လို့ တရုတ်ကာကွယ်ရေးဝန်ကြီး လီ ကပြောကြားခဲ့ပါတယ်။

တရုတ်နိုင်ငံနဲ့ ရုရှားနိုင်ငံတို့ဟာ မတ်လအတွင်းက အိုမန်ပင်လယ်ကွေ့မှာ ပူးတွဲစစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့ကြပါတယ်။

ရုရှားရေတပ်နဲ့ ပူးပေါင်းဆောင်ရွက်ရေး တို့ချဲ့မယ့် ဆွေးနွေးမှုဟာ ပြီးခဲ့တဲ့လက ရုရှားမှာ ဖြစ်ပွားခဲ့တဲ့ Wagner ပုန်ကန်မှု မအောင်မြင်ခဲ့ပြီးနောက် နှစ်နိုင်ငံ စစ်ဘက်အရာရှိတွေကြား အမြင့်ဆုံး လူခြင်းတွေ့ဆုံ ဆွေးနွေးပွဲ ထွက်ပေါ်လာတာဖြစ်ပါတယ်။

တရုတ်ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ရုရှားရေတပ်အကြီးအကဲကလည်း နှစ်နိုင်ငံ ရေတပ်အဆင့် အပြန်အလှန် ဖလယ်မှုတွေကို ဆက်လက်တိုးချဲ့ လုပ်ဆောင်သင့်ပြီး နှစ်နိုင်ငံ တပ်မတော် နှစ်ရပ်ကြား ဆက်ဆံရေးကို အမြင့်ဆုံးရောက်ရှိဖို့ အဆက်မပြတ် တွန်းအားပေးသင့်ကြောင်း ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံနဲ့ ရုရှားနိုင်ငံတို့ဟာ မကြားသေးမီနှစ်တွေအတွင်း စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနဲ့ သံတမန်ဆက်ဆံရေးကို မြှင့်တင်ခဲ့ပြီး မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ပိုမိုနီးကပ်လာခဲ့ပါတယ်။

ယူကရိန်းစစ်ပွဲနဲ့ ပတ်သက်လို့ တရုတ်နိုင်ငံက ရုရှားကို ရှုတ်ချဖို့ ငြင်းဆိုထားပြီး ကြားနေနိုင်ငံအဖြစ် ပြောကြားခဲ့ပေမယ့် နှစ်နိုင်ငံ နီးကပ်တဲ့ ဆက်ဆံရေးကြောင့် အနောက်နိုင်ငံတွေရဲ့ ပြစ်တင်ဝေဖန်မှုကို ခံခဲ့ရပါတယ်။

ref; dw

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။